Extra-1

3.5K 331 41
                                    

Unicode...

"Zetty Zetty Zetty"

ကာရံညီစွာ ​အော်ဟစ်အား​ပေးသံများက အခန်းကျဉ်းထဲတွင် ညံလျက်။

ထိုအား​ပေးသူများထဲတွင်​တော့ ဟိဏ်းထက်ရန်မပါဝင်​ပေ။ အခန်းကျဉ်း၏​ထောင့်တွင် ဆူပုတ်စွာနှင့် တင်ပျဉ်​ခွေထိုင်​နေသည်။ လက်ထဲတွင် တုတ်​ချောင်းတစ်​ချောင်းရှိပြီး အင်္ဂ​တွေအ​ချောကိုင်ထား​သော ကြမ်းပြင်ကို ဟိုခြစ်ဒီခြစ်လုပ်​​နေ၏။

နာရီကြည့်​တော့ ၃နာရီခွဲပြီ။ ဒီ​နေ့ ​နေ့တစ်ပိုင်းအတန်းလစ်ပြီး အစ်ကိုနဲ့​လျှောက်လည်ဖို့ စိတ်ကူးထားသမျှ အခု​တော့ အခန်း​ထောင့်တွင် တုတ်​ချောင်းတစ်​ချောင်းနှင့်သာ အချိန်ကုန်​နေရတာကို အ​တော်​လေး မ​ကျေမချမ်းဖြစ်​နေသည်။

အခုလည်း အစ်ကိုဆို​သောသတ္တဝါက အလုပ်မဟုတ်တာ​တွေလုပ်​နေ၏။ သီချင်းဆိုတာလည်းမဟုတ်၊ Instrumentတီးတာလည်းမဟုတ်ဘဲ Clubကိုလာပြီး UNO ဝိုင်းထဲဝင်ပါသည်တဲ့။ တစ်ပွဲတ​လေက​နေ ​​မနိုင်မချင်း​ဆော့​နေလိုက်တာ ခုချိန်ထိ။ အခုလည်း နိုင်​သေးတာမဟုတ်။ ရှုံးလို့ဆိုပြီး ပန်းကန်ပြားထဲထည့်ထားသည့် Popcornများကို လက်မသုံးဘဲ ​လေနဲ့စုပ်စား​နေ​လေသည်။ ဒါကို ​ကျန်တဲ့လူ​တွေက အား​ပေး​နေကြတာ မသိရင် သီချင်းဆို​နေတဲ့အတိုင်း။

ထွန်းသစ်စ ပန်းကန်ထဲက မုန့်များကုန်​အောင်စားပြီး​နောက် ​ကောက်ညှင်းထုပ်​လေးကို အခန်းထဲ မျက်လုံး​​ဝှေ့ပြီးရှာကြည့်သည်။ အခန်း​​ထောင့်က ​ကောက်ညှင်းထုပ်တစ်ထုပ်ကို​တွေ့လိုက်တာနှင့် မရိုးနိုင်​အောင် အူယားလာတာမို့ ​နောက်တစ်ပွဲမပါ​တော့ဘဲ ထက်ရန်ရှိရာ​နေရာကိုသာ လာခဲ့​တော့၏။

"​ဘေဘီလုံး​လေး..."

"သွား​ဆော့​နေ"

​ခေါင်း​မော့မလာပါဘဲ တုတ်​ချောင်းနှင့်​ကြမ်းပြင်ကိုခြစ်​နေရင်းက ပြန်ဖြေသည်။

"ဘယ်လိုလုပ်ရပါ့မလဲ...ကျွန်​တော့်​ကောက်ညှင်းထုပ်​လေးက စိတ်​ကောက်​နေရင်​တောင် ဖက်နမ်းချင်စရာ​ကောင်း​နေတာ"

ထွန်းသစ်စအသံကို အနည်းငယ်ကျယ်​စေလိုက်သည်။ UNOဝိုင်းမှ အ​ပေါင်းအပါတို့လည်း အသံကြားတာနှင့် ကိုယ့်card​တွေကို​မေ့ကာ သူတို့နှစ်​ယောက်ကိုလှည့်ကြည့်ကြ​လေသည်။

​ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ် | ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ်Where stories live. Discover now