Extra-4

2.6K 283 33
                                    

Unicode...

Customer complaintကို​ဖြေရှင်းအပြီး ဂို​ဒေါင်ဝက ပက်လက်ကုလားထိုင်​ပေါ်တွင် ထိုင်ရင်း သက်ပြင်းရှည်တစ်ခု ချလိုက်​သော ထွန်းသစ်စ။ ဒီအလုပ်ကိုဦးစီးလာသည့်သက်တမ်းတစ်​လျှောက် အခက်ခဲဆုံး​သော ​ဖြေရှင်းမှုတစ်ခုဖြစ်၍ အလုပ်သမားများပင် ရင်ဘတ်ကိုလက်နှင့်ဖိရသည့်အ​ခြေအ​နေ။

ထိုအချိန်တွင် အိမ်ထဲမှ ​ဒေါ်နွယ်နွယ်ထွက်လာပြီး...

"ထွန်းသစ်စဆိုတဲ့အ​ကောင် ဘယ်မလဲ"

မျက်လုံးများကိုမှိတ်ထားရင်း ပက်လက်လှန်လှဲ​နေရာမှ ​ဒေါ်နွယ်နွယ်၏ရန်လိုသံ​ကြောင့် ထွန်းသစ်စ မတ်တပ်ရပ်လိုက်သည်။ ​ဒေါ်နွယ်နွယ်က ထွန်းသစ်စ​​ရှေ့ထိ​ရောက်လာပြီး ​ခါးကို​ထောက်ထား​​သေး၏။

"ဘယ်လိုဖြစ်သွားပြီလဲ...ပြီးပြီလား...Customerက​​ရော ​ကျေနပ်တယ်တဲ့လား"

"ဟုတ်ကဲ့...ကျွန်​တော်​သေချာ​ဖြေရှင်းလိုက်ပါပြီ...သူတို့ဘက်ကလည်း လက်ခံပါတယ်ဗျ"

"ဟက်...နင်​တော်​တော်ကို ​စောက်သုံးမကျတာ​နော်"

ထွန်းသစ်စက​တော့ ခေါင်းငုံ့လျက်သာ ​ဒေါ်နွယ်နွယ်ဆိုသမျှ ငြိမ်ခံ​နေရှာသည်။ ​ဒေါ်နွယ်နွယ်က သူတို့ကို ဝိုင်းကြည့်​နေ​သောအလုပ်သမားများကို ကိုယ့်အလုပ်ကိုလုပ်ရန် မျက်နှာရိပ်မျက်နှာကဲပြပြီး ​ဒေါသထွက်​နေ​သောအကြည့်တို့ကို ထွန်းသစ်စဆီသို့ ပြန်​​​ရောက်​စေ၏။

"နင်ဘယ်အချိန်ထိ ဒီမိသားစုရဲ့စီးပွား​ရေးကို ဖျက်စီး​နေမှာလဲ ဟမ်...ဘယ်အချိန်ထိလဲ...​​ဖြေစမ်း ​ဖြေစမ်း ဟဲ့​ကောင်...နင်ဘယ်အချိန်ထိ ငါတို့ကို ဒုက္ခ​ပေး​နေမှာလဲ"

​​ဒေါ်နွယ်နွယ်၏ ရန်လိုသံများက ပို၍ကျယ်​လောင်လာပြီး ​ထွန်းသစ်စ၏ဆံပင်များကို လက်နှစ်ဖက်လုံးနှင့် ​ဆောင့်ဆွဲ​လေသည်။ ထွန်းသစ်စကား ငြိမ်လျက်သာ။ ​ဒေါ်နွယ်နွယ်မှာ အားမရ​သေးဘဲ ထွန်းသစ်စ၏ပါးကို အားနှင့်လွှဲကာ ရိုက်ချပစ်သည်။

အလုပ်သမားများလည်း တစ်​ယောက်ကိုတစ်​ယောက်လက်တို့ကြပြီး ပါးစပ်အ​ဟောင်းသားများနှင့်သာ ကြည့်​နေနိုင်သည်။ ဒေါ်နွယ်နွယ့်အ​ကြောင်းသိတာမို့ ဘယ်သူမှဝင်မဆွဲရဲ​ပေ။

​ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ် | ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ်Where stories live. Discover now