Unicode...
မန္တလေးတောင်ပေါ်က ဆင်းလာကြတော့ အစ်ကို့သူငယ်ချင်းတွေက ပြန်ချင်တဲ့လူ၊ အလုပ်ရှိသေးတဲ့လူ၊ လျှောက်လည်ချင်သေးသည့်လူ စသဖြင့်ကွဲပြားလျက်။ တိုင်ပင်ပြီးကြသော် စိတ်မကောင်းစွာ လမ်းခွဲကြရတော့သည်။
ထက်ရန်က အစ်ကိုနဲ့အတူတူဆက်ရှိချင်တာမို့ တခြားတစ်နေရာထပ်သွားဖို့ စိတ်အားထက်သန်နေသည်။ ကိုဉာဏ်တို့လည်းထိုနည်းတူစွာ လည်ချင်ကြသေးသည်။ ထို့ကြောင့် မန္တလေးတောင်ကနေ ကုသိုလ်တော်ကိုဝင်ဖြစ်ကြသည်။
မန်းတောင်ခြေရင်းက ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီးလို့တင်စားခေါ်ဝေါ်ရလောက်အောင် ကျောက်စာချပ်ရေပေါင်းမြောက်မြားစွာကိုထည့်သွင်းငုံထားသည့် ဖွေးဖွေးဖြူနေသော ဂူစေတီအများခြံရံလျက်တွေ့ရမည်ဖြစ်သည့် ကုသိုလ်တော်ဘုရား။
မင်းတုန်းမင်းတရားတည်တော်မူခဲ့သော မဟာလောကမာရဇိန်ဘွဲ့အမည်ရ ကုသိုလ်တော်ဘုရားဟူသည် ရတနာပုံခေတ် သာသနာအရောင်အဝါတောက်ပြောင်ခြင်း၏ သက်သေမှတ်တိုင်တစ်ခု။
ချစ်သူလက်ကိုတွဲကာ ဘုရားဝင်းထဲသို့စဝင်သည်နှင့် ပန်းရောင်းသောကလေးများက သူတို့နောက်သို့လိုက်ပြီးရောင်းသည်။ သနပ်ခါးပါးကွက်ကြားနှင့် ပန်းဆွဲပန်းခိုင်တို့ကိုမြှောက်ကာ အသံဆာဆာလေးများနှင့် အော်ရောင်းနေသည်မှာ ဘုရားဖူးလာသူတို့ မဝယ်ရလျှင်မနေနိုင်လောက်အောင် ချစ်ဖို့ကောင်းကြသည်။
ထက်ရန် ကြာပန်းနှစ်စည်းဝယ်လိုက်ပြီး အစ်ကို့ကိုတစ်စည်းပေးသည်။ အနောက်က ကပ်ပါလာသော ကိုဉာဏ်တို့ကတော့ ကြာပန်းကိုဈေးကြီးသည်ဆိုကာ ချစ်စရာကလေးလေးတွေကို နှင်လွှတ်၏။
"ငယ်လေး နောက်ထပ်နှစ်စည်းထပ်ပေး"
ထွန်းသစ်စက မနေနိုင်စွာ နှစ်စည်းထပ်ဝယ်လိုက်ပြီး အနောက်ကနှစ်ယောက်ကို လက်ဆင့်ကမ်းလိုက်၏။
"အဲနှစ်ယောက်က လိုက်လည်းလိုက်တယ် အစ်ကိုရာ..အစ်ကိုမို့ ဝယ်ပေးသေးတယ်"
ESTÁS LEYENDO