Unicode...
မိုးဦးစအချိန်...
ပူအိုက်သောနွေတွင် ကြွေလွင့်ခဲ့သောရွက်ဟောင်းတို့နေရာ၌ လတ်ဆတ်သောအဖူးအငုံလေးများကအစားထိုးနေရာယူကြသောအချိန်...တက္ကသိုလ်ကျောင်းများလည်း ဒုတိယစာသင်နှစ်ဝက်အဖြစ်ပြန်လည်ဖွင့်သောအချိန်ဖြစ်သည်။
နှစ်လကျော်လောက်အနားယူပြီး တက္ကသိုလ်မြေနှင့်ပြန်လည်ထိခွင့်ရသဖြင့် ကျောင်းသူကျောင်းသားတို့ သည်လည်း သစ်ဖူးသစ်ငုံများနှင့်အပြိုင် တက်ကြွလန်းဆန်းလျက်။
ထက်ရန်တစ်ယောက် အရင်ကထက် ယုံကြည်မှုရှိစွာ ကျောင်းဝင်းထဲကိုခြေချဖြစ်သည်။ ပထမဆုံးကျောင်းဖွင့်ရက်တွင် လူလည်းမဆုံသေး၊ ရှိတဲ့လူကလည်း အတန်းမတက်တဲ့လူအများစုမို့ သေချာတာကတော့ ထက်ရန်လည်းအတန်းထဲတွင် တစ်ချိန်လုံးထိုင်နေနိုင်မှာမဟုတ်ပေ။
ခါတိုင်းလို တီရှပ်အပွနှင့် ပုဆိုးမဟုတ်ဘဲ အစ်ကိုနှင့်ကိုဉာဏ်အကြံပေးသည့်အတိုင်း ဂျင်းဘောင်းဘီနှင့် ရှပ်အင်္ကျီအကွက်ကို ဝတ်ဖြစ်သည်။ ပုံစံပြောင်းသွားသော ထက်ရန်ကို အတန်းထဲကမှတ်မိနေသောလူများက ကွက်ကြည့်ကွက်ကြည့်နှင့်။
မနေ့ကတည်းက အစ်ကိုကသူတို့clubမှာ လာနေဖို့ပြောထားတာမို့ အစ်ကို့ကိုဖုန်းဆက်ပြီး Music clubဆီကိုသာ တည့်တည့်မတ်မတ်သွားလိုက်တော့သည်။
ခန့်ပိုင်ဆိုသည်မှာလည်း ကျောင်းတက်မယ်ပြောပြီး ကိုဉာဏ်နဲ့လိမ့်သွားလေပြီ။ သူတို့နှစ်ယောက်သည်လည်း ဟိုမရောက်ဒီမရောက်အခြေအနေပါဆိုပြီး နှစ်ဦးသားဝန်ခံထားလေ၏။ ဒါကြောင့် ထိုနှစ်ယောက်ကိုလည်းမနှောင့်ယှက်ချင်။
Music clubအခန်းရှေ့ရောက်တော့ အစ်ကိုကသူ့ကိုအပြင်ထွက်ခေါ်သည်။ ထက်ရန် အစ်ကို့ကိုတွေ့တွေ့ချင်းပြုံးပြပြီး အထဲကိုဝင်ခဲ့၏။ အထဲမှာတော့ အဖွဲ့ဝင်တွေသိပ်မရှိ။ ကျောင်းဖွင့်ဖွင့်ချင်းဆိုတော့ ကျောင်းမလာကြတာထုံးစံလိုဖြစ်နေကြသည်။
"ဒီမှာထိုင်ဦး ကလေးလေး...ကိုသန့်ရှင်းရေးလုပ်လိုက်ဦးမယ်...instrumentတွေအကုန်ဖုန်တက်နေတာ ပြန်စမ်းရမှာမို့"
ESTÁS LEYENDO