Part-23

3.9K 485 20
                                    

Unicode...

​ကျောင်းပိတ်ပြီးကတည်းက အစ်ကိုနှင့်ပထမဆုံး​တွေ့ဆုံမည့်​​နေ့ဖြစ်သည်။ နှစ်​ယောက်တည်း​တွေ့ဆုံခြင်းမျိုးမဟုတ်ဘဲ ကိုဉာဏ်​ရောခန့်ပိုင်ပါလိုက်ကြမည်။ အစ်ကိုကလည်း သူ့ညီမ​လေးနှင့်မိတ်ဆက်​ပေးချင်လို့ဟုဆိုသည်။

အစ်ကို့မိသားစုဝင်တစ်ဦးနှင့်​တွေ့ရမည်ဆို​​တော့ စိတ်လှုပ်ရှား၏။ အစ်ကိုကသူ့မိသားစုအ​ကြောင်းသိပ်​ပြော​လေ့မရှိတဲ့သူ။ ပထမဆုံးအကြိမ် ​သူ့ညီမ​လေးအ​ကြောင်း​ပြောပြ​တော့လည်း စိတ်ဝင်တစား​နား​ထောင်မိသည်။ အစ်ကိုက သူ့ညီမ​ကို​တော်​တော်ချစ်ပုံ​ပေါ်၏။

ခါတိုင်းဝတ်​နေကျလို ပုဆိုးမဟုတ်​တော့ဘဲ ​မေ​မေဝယ်​ပေးထား​သော ​အုတ်ကျိုး​ရောင်ဘောင်းဘီတိုကို ယုံကြည်ချက်ရှိရှိ​ရွေးလိုက်သည်။ ဗိုက်ပူပူမ​ပေါ်​စေဖို့ ​အောက်ကအနက်​ရောင်စွပ်ကျယ်သားကိုခံပြီး အ​ပေါ်က အဖြူနှင့်ပန်း​ရောင်အဆင်းကြား ရှပ်အင်္ကျီကို​ ကြယ်သီးမတပ်ဘဲ ထပ်ဝတ်လိုက်၏။

ဆံပင်ကိုခါတိုင်းလို အုန်းဆီမလိမ်းဘဲ ကိုဉာဏ့်ဆီကဂျယ်အနည်းငယ်ယူပြီး ​သေ​သေသပ်သပ်ခွဲလိုက်သည်။ ဒီလိုကျ​တော့လည်း ​ပေါ်​နေတဲ့လက်နဲ့​​ခြေသလုံး​တွေက ထင်ထားတာထက်​ဖွေး​နေသလို။

ထက်ရန်သ​ဘောကျစွာ ပြုံးလိုက်ပြီး မျက်မှန်ဝိုင်းကိုတပ်လိုက်သည်။ သူအသင့်ဖြစ်​တော့မှ ကိုဉာဏ်က​ရေချိုးခန်းထဲက​နေထွက်လာပြီး ပြင်ဆင်သည်။ ​ရေသုတ်ရင်း ထက်ရန်ကို ​ခေါင်းစ​​ခြေဆုံးကြည့်ပြီး ချီးကျူးလိုက်​သေး၏။

"အမယ်...ရန်ရန်က ဟုတ်လှပါလား...တစ်ခါမှ​ဘောင်းဘီတိုမဝတ်ဖူးဘဲနဲ့"

"ဟဲဟဲ...ဒီ​နေ့ကစပြီး ကြိုးစားပြီ"

"ငါ့ဂျယ်​တွေမလား"

​သပ်ရပ်​နေ​သောဆံပင်​တွေကို လှမ်းကိုင်ဖို့ပြင်​နေစဉ် ထက်ရန်က ​ခေါင်းကို​ရှောင်လိုက်သည်။

"ကျွန်​တော်ဒီ​​နေ့ဝယ်မှာဗျ"

"ပြီးတာပဲ"

ခန့်ပိုင်လည်း​အောက်ကို​ရောက်​နေပြီမို့ မြန်မြန်ပြင်ဆင်ပြီး ထွက်လာခဲ့​တော့သည်။ အစ်ကိုက City Parkတွင်ချိန်းထားသည်။ ဘာလို့များကစားကွင်းထဲချိန်းတာလဲဆိုသည့်အ​ဖြေကို ​ရေလွှာမိ​ကျောင်းစီးပြီးခါစ ​ရေစို​နေသည့်ဆံပင်များကိုခါ​နေကြ​သော ​မောင်နှမနှစ်​ယောက်ကိုမြင်ပြီး နားလည်သွားသည်။

​ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ် | ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ်Hikayelerin yaşadığı yer. Şimdi keşfedin