Unicode...
ထက်ရန်စာသင်ခန်းထဲဝင်လာတော့ ခန့်ပိုင်က စပ်ဖြီးဖြီးမျက်နှာနှင့်လှမ်းကြည့်သည်။ ထူးထူးဆန်းဆန်း ခန့်ပိုင်တစ်ယောက် သူ့ထက်အရင် အခန်းထဲစောရောက်နေတာ ကြုံတောင့်ကြုံခဲ။
"ဘာတွေအဲလောက်ပြုံးနေတာလဲ"
"ဒီမယ်ကြည့်"
သူ့ဖုန်းကို ထိုးပေးသည်။ ပုံတစ်ပုံ။ သစ်ရွက်ခြောက်များပေါ်က မုန့်ထုပ်တစ်ထုပ်ပုံ။ captionလည်းဘာမှမရေးထားဘဲ ဒီတိုင်းကြီးတင်ထားသော အစ်ကိုထွန်းသစ်စ။ ထက်ရန်စိတ်ထဲ အမျိုးအမည်မသိသောခံစားချက်တစ်ခုဖြစ်လာသည်။ ထိုခံစားချက်က အကောင်းလားအဆိုးလားတောင် ဝေခွဲမရ။
ခန့်ပိုင်ဖုန်းကိုပြန်ပေးလိုက်ပြီး သူ့ဖုန်းနှင့်သူဝင်ကြည့်သည်။ Favoriteလုပ်ထားသဖြင့် Facebookဖွင့်ဖွင့်ချင်း ထိပ်ဆုံးကနေတက်လာလေသည်။ အရင်လို Love reactပေးတာမျိုး၊ ပုံSaveတာမျိုး မလုပ်မိသေးဘဲ ကောမန့်များကိုဝင်ဖတ်ကြည့်သည်။
တစ်ယောက်တည်းတော့မဖြစ်နိုင်ဘူး၊
Date?၊
ဒါကျောင်းကနေရာတစ်ခုခုလား သိတဲ့သူများပြောပြကြပါ၊
တစ်ယောက်တည်း မုန့်သွားစားရအောင် ကလေးမှမဟုတ်တာ စဉ်းစားကြလေ၊
Wait!! ငါတို့Zett ပါသွားပြီလားဟင်၊
Zetty Sold out?၊
ငါ့မှာတော့ ငါ့ဘဝကြီးအတွက်စောင့်လိုက်ရတာ သူကမုန့်ထိုင်စားနေတယ် ဗြဲ၊
တစ်မျိုးမထင်ကြပါနဲ့ ဒါမုန့်ရောင်းဖို့ ပရိုမိုးရှင်းဆင်းနေတာပါ၊
ရှင်လေးနဲ့မုန့်ထိုင်စားတဲ့တစ်ယောက် တို့လောက်တော့ ပုံလာပါစေနော် အသဲကွဲတာလေး တန်သွားအောင်၊စသဖြင့် စုံလင်စွာ။ အများစုကမိန်းကလေးများ။အစ်ကိုက သူနှင့်ရင်းနှီးသောလူများကိုတောင် replyမပြန်။ ပုံတင်ပြီး နိုတီပါပိတ်ထားပုံပေါ်သည်။ တချို့ကောမန့်များက အပျော်သက်သက်ဆိုပေမဲ့ တချို့ကကျ အပျက်သဘောမျိုးဆောင်နေတာများလည်းရှိသည်။
အစ်ကိုတော့မသိဘူး။ ထက်ရန်ကတော့ ထိုမန့်များကိုဖတ်ပြီးပြီးချင်း စိတ်ထဲနေလို့မကောင်း။ ပထမဆုံးအကြိမ်မဟုတ်ပေမဲ့ သူ့ပုံပန်းသွင်ပြင်နဲ့ပတ်သက်ပြီး နောက်တစ်ကြိမ် မလုံခြုံမှုကိုခံစားလာရပြန်သည်။ စိတ်ဓါတ်ကျမှု၊ အလိုမကျဖြစ်မှု၊ ကိုယ့်ကိုကိုယ်နှိမ့်ချပြီး အစ်ကိုနဲ့လုံးဝမဖြစ်နိုင်ဘူးဆိုသည့်အတွေးများက ခါတိုင်းထက် ထိုကောမန့်များဖတ်ပြီးချိန်တွင် တသီတတန်းကြီးဝင်ရောက်လာ၏။
YOU ARE READING