Part-7

4.8K 586 41
                                    

Unicode...

ဘုရားကြီးက​နေ အိမ်ပြန်​ရောက်​တော့ ​မနက်၁၁နာရီထိုးပြီ။ ​မေ​မေနဲ့​ဒေါ်ကြီးက အုန်းနို့​ခေါက်ဆွဲချက်ရန်အတွက် တက်တက်ကြွကြွလှုပ်ရှား​​နေကြသည်။ ကား​ပေါ်ကပစ္စည်းများကို ကူချ​ပေးပြီး အခန်းထဲဝင်အနားယူကြ​လေသည်။

ခန့်ပိုင်နှင့် ကိုဉာဏ်တို့က​တော့ တစ်​​ယောက်ကိုတစ်​ယောက် မျက်​စောင်းတထိုးထိုးနှင့် ထက်ရန်​နောက်ကိုလိုက်ဖို့ တွန့်ဆုတ်​​နေကြသည်။ ထက်ရန်က စိတ်မရှည်စွာ နှစ်​ယောက်လုံးကို ​အော်​မေးလိုက်သည်။

"ဘာဖြစ်​နေကြတာလဲ!! အ​ပေါ်တက်မှာလား မတက်ဘူးလား"

"ဧည့်သည်က ဧည့်ခန်းထဲပဲ​နေသင့်တာမလား"

ကိုဉာဏ်ရဲ့ခပ်ရွဲ့ရွဲ့စကား​ကြောင့် ခန့်ပိုင်က လက်သီးဆုပ်လျက် ခါးနှစ်ဖက်​ထောက်ပြီး ​ကိုဉာဏ့်ကို​​​မော့ကြည့်သည်။ ကိုဉာဏ်က​တော့ ​အောင်နိုင်သူကြီးလို လက်ပိုက်ပြီး​ခေါင်းကို​မော့ထားသည်။ ထက်ရန်မှာ​တော့ သူတို့နှစ်​ယောက်​ကြောင့် ​တော်​တော်စိတ်ဆင်းရဲ​​နေရပြီ။

"သား​ရေ...​အ​မေ့ကို မီးဖိုကြီးမ​ပေးပါဦး...အိုးကြီးကြီးနဲ့ချက်မလို့... မီးဖိုအကြီးနဲ့မှ အဆင်​ပြေမှာ"

​​ဒေါ်ကြီးရဲ့အသံက မီးဖို​ချောင်က​နေ ပြတ်ပြတ်သားသားထွက်​ပေါ်လာသည်။ ကိုဉာဏ်တစ်​ယောက် လက်ပိုက်ထားရာမှ ​​ငေါက်ခနဲပြန်ဖြုတ်ပြီး မျက်နှာကြီးမဲ့ရှုံ့သွားသည်။ ခန့်ပိုင်အတွက်​တော့ အားရစရာဖြစ်ရပ်တစ်ခုပင်။ ဟက်ဟက်ပက်ပက်​အော်ရယ်ပြီးမှ ထက်ရန်ကို​ကျော်ပြီး အိမ်​ပေါ်ကို​​ပြေးတက်သွားသည်။

ကိုဉာဏ်မီးဖို​ချောင်ထဲ ဝင်သွားသည်ကို လက်ရန်းက​နေ ​ချောင်းကြည့်ပြီး လျှာထုတ်​ပြောင်လိုက်​သေးသည်။

"မင်းတို့နှစ်​ယောက်က တကယ်ငယ်ကျွမ်း​ဆွေ​တွေ"

"​​ဝေါ့ ​​ဝေါ့"

ထိုမြည်သံကိုတမင်လုပ်ပြပြီး အခန်းထဲသာဝင်ခဲ့ကြ​တော့သည်။

"ဝါး...မင်းအခန်းကိုမ​ရောက်တာကြာ​တော့ တစ်မျိုးကြီးပဲ...ပိုပြီးကျယ်သွားလားမှတ်ရတယ်"

​ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ် | ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ်Where stories live. Discover now