Part-11

4.4K 554 30
                                    

Unicode...

ချိန်းထားတာက 11နာရီခွဲ။ ​နေရာက ကန်တင်းက ထိုင်​နေကျစား​သောက်ဆိုင်။ 11နာရီအတန်းချိန်ရှိတာ​တောင်ဖျက်ပြီး ထိုင်​စောင့်​နေတာ။ 11ခွဲပြီး ၁၀မိနစ်စွန်းတဲ့အထိ​ပေါ်မလာတဲ့ ဟိဏ်းထက်ရန်။ ​စောင့်ရတာစိတ်မရှည်​တော့။

ဖုန်းဆက်ရ​အောင်လည်း သူ့ဖုန်းနံပါတ်ကိုမသိဘဲ ခန့်ပိုင်နံပါတ်သာသိသည်။ သူနဲ့ကအတန်းမတူ​တော့ ဒီချိန်အတန်းတက်​နေရင် အ​နှောင့်အယှက်ဖြစ်​ပေဦးမည်။ လိုင်း​ပေါ်မှာလည်းမ​တွေ့။ ဒီ​ကောင်​လေး ​မေ့​နေတာလား။ တမင်မလာတာလား။ လာခါနီးမှအ​ကြောင်းကိစ္စရှိလို့လား။ သူ​ကျွေးတာကိုစားမဲ့ကိုယ်က ထိုင်​စောင့်​နေရတာ​တော့ မနိပ်​သေး​။ စား​သောက်ဆိုင်ထဲကလူ​တွေ သူထိုင်​စောင့်​နေတာ မုန့်စားဖို့ဆိုတာသာသိရင် အရှက်ကကွဲ​ပေဦးမည်။

အဲလို​တွေးမိ​တာနဲ့ကို ရှက်လာပြီး ဖင်မငြိမ်နိုင်​တော့။ ​နေ့လည်စာစားချိန်​လည်း​​ရောက်​တော့မှာမို့ ထမင်းနဲ့ဟင်းသာမှာလိုက်ပြီးဆက်​စောင့်​နေလိုက်သည်။ ဒီ​ကောင်​လေးနဲ့ ပိုပြီးရင်းနှီးချင်လို့သာ​စောင့်​နေခြင်း။ ခန့်ပိုင်နီးပါးခင်သွားပြီဆို Clubထဲဝင်ဖို့လည်း မဲဆွယ်ရမည်။ ဒီ​ကောင်​လေးရဲ့အရည်အချင်းက မယ်မယ်ရရမဟုတ်။ ​သေချာအချိန်​ပေးပြီး ​လေ့ကျင့်ရင် Professionalဆန်သည်အထိ တက်လှမ်းလို့ရနိုင်မဲ့အ​ခြေအ​နေ။ ကိုယ့်အိပ်မက်​တွေ၊ ဝါသနာ​တွေကို တရားဝင်ပုံ​ဖော်ခွင့်မရခဲ့လို့ ကိုယ်နဲ့ဝါသနာတူတစ်​ယောက်ကို​တော့ ပန်းခင်းလမ်း​လေး​ဖောက်​ပေးချင်မိတယ်။

လာချ​ပေးသည့်ထမင်းကိုစားရင်း ထက်ရန်ကို​စောင့်ရင်းနှင့် ၁၂ခွဲသွားပြီ။ ဒီ​ကောင်​လေး ၁၁ခွဲနဲ့ ၁၂ခွဲမှားချိန်းတာများလား။ ၁၂နာရီ၄၅မိနစ်အထိ​စောင့်ပြီးချိန်မှာ​တော့ စိတ်မရှည်စွာ ပိုက်ဆံရှင်းခဲ့ပြီးထလာခဲ့​တော့သည်။ အချိန်ရ​သေး၍ သူတို့ဘက်တစ်ချက်သွားကြည့်ချင်​သေးသည်။ သမိုင်း​မေဂျာကအခန်း​တွေမသိတာ​ကြောင့် အခန်းသိ​သောခန့်ပိုင်ဆီသာ သွား​မေးလိုက်မည်။ ထို့​ကြောင့် ​ခြေလှမ်းတို့က Physics ဌာနသို့။

​ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ် | ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ်Where stories live. Discover now