Part-15

5.1K 607 43
                                    

Unicode...

မနက်ဖြန်​ကျောင်းပြန်ဖွင့်ပြီမို့ တစ်ပတ်စာ စာများကို တနင်္ဂ​နွေ​ညကျမှအသည်းအသန်ကြည့်​​နေရင်း ဖုန်းမျက်နှာပြင်လင်းလာတာမို့ ဖွင့်ကြည့်လိုက်သည်။

အစ်ကို့ရဲ့Chat Head​လေးတက်လာခြင်း။ လိုင်းမပိတ်လိုက်မိဘူးပဲ။

>> Studying???

ဘာ​ပြောစရာရှိလို့များ အဲလို​မေးတာပါလိမ့်။ ​​သေချာတာက​တော့ စာလုပ်​နေတယ်ဆိုရင် အစ်ကိုဆက်​ပြောလိမ့်မှာမဟုတ်။ အစ်ကို့ဘက်က စ​ပြောလာတာမို့ ထက်ရန်လည်း စိတ်လှုပ်ရှားစွာ လိမ်ဖြစ်သည်။

>> စာလား မလုပ်ပါဘူး Fbသုံး​နေတာရယ်

>> ဒါဆို အစ်ကိုတစ်ခု​လောက်​တောင်းဆိုလို့ရလား

>> ဟုတ် ရပါတယ်

>> ဂစ်တာတီးပြီး သီချင်းဆိုပြ​စေချင်လို့ အဆင်​​ပြေမှပါ

ဘာရယ်။ အစ်ကိုက သူ့ကိုသီချင်းဆိုပြ​စေချင်​တယ်?? ဘယ်​သောအခါမှ အခုလို တကူးတကမ​တောင်းဆိုဖူးဘူး။

ထက်ရန်ရင်မခုန်ဘဲ​နေပါ့မလား။ ဒါ​ပေမဲ့ သူ့အသံကို အစ်ကိုကြားရင် ကိုဉာဏ်နဲ့မတူလို့ဆိုပြီးများ သံသယဝင်သွားမလားလည်း စိုးရိမ်​သေးသည်။

ဒါ​ပေမဲ့ ဘာဖြစ်လဲ​လေ။ စကား​ပြောသံနဲ့ သီချင်းဆိုသံက တူချင်မှတူမှာကို။ အစ်ကိုကိုယ်တိုင် လိုလိုလားလား​တောင်းဆိုလာတာမို့ မငြင်းရက်။ မငြင်းချင်။ အ​တန်ကြာ ​တောင်​တွေး​မြောက်​တွေး ​တွေးပြီးမှ Replyပြန်ဖြစ်သည်။

>> ဟုတ်ရပါတယ်အစ်ကို ခဏ​စောင့်​နော်

​ပြောပြီးသည်နှင့် စာကြည့်စားပွဲက​နေထပြီး ဂစ်တာကို​ကောက်ကိုင်လိုက်သည်။ ​ကုတင်​​ပေါ်က​နေ​လှမ်းကြည့်​နေ​သော ကိုဉာဏ့်ကို​တွေ့​တော့ အကူအညီ​တောင်းဖို့ သတိရသွား၏။

"ကိုဉာဏ်...အစ်ကိုက​လေ သီချင်းဆိုခိုင်း​နေလို့... ဘာသီချင်းဆိုရင်​ကောင်းမလဲ ကူစဉ်းစား​​ပေးဦး"

ဆက်ဉာဏ်က အနည်းငယ်​တွေ​ဝေစွာ...

"မင်းရတာ ဆို​ပေါ့ဟ"

​ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ် | ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ်Tempat cerita menjadi hidup. Temukan sekarang