Extra-5

2.9K 276 27
                                    

Unicode...

"တောင်းထား​တွေ အရင်ပြ​ပါ"

"အိုးဟိုး... Zettက​ လောလိုက်တာ... ပြမှာ​ပေါ့ စိတ်ချပါ... စိတ်​ပြောင်းသွားတဲ့အတွက် ​ကျေးဇူးတင်စကားအရင်​ပြောမလို့ကို...နည်းနည်းမှမ​စောင့်နိုင်​တော့ဘူးလား"

ထွန်းသစ်စ စိတ်မ​ရှည်​တော့​ချေ။ ​အတန်းဆင်းချိန်ထိ အိမ်မပြန်နိုင်​သေးဘဲ Clubထဲတွင် ​မွှေးသံသာနှင့်နှစ်​ယောက်တည်းရှိ​နေရခြင်းကိုလည်း သ​​ဘောမကျ။ ​ထို့ပြင် ​ကောက်ညှင်းထုပ်​လေးကိုပါ ညီမ​လေးကိုကြိုရမည်ဟု ​လိမ်ပြောထားပြီး အိမ်အပြန် လိုက်မပို့ဖြစ်။

​မွှေးသံသာ သူ့ဘေးလွယ်အိတ်ထဲမှ စာရွက်စာတမ်းအချို့ကိုထုတ်လိုက်ပြီး ထွန်းသစ်စ​ရှေ့ ဖြန့်ချလိုက်သည်။ ထွန်းသစ်စလည်း စာရွက်တစ်ရွက်ချင်းစီ ​​ကောက်ကိုင်ပြီး အ​​​သေအချာဖတ်ကြည့်၏။

သူ့မိဘအရင်းများဟုဆိုကြ​သော ဇနီး​​မောင်နှံနှစ်​ယောက်​ဆေးရုံတက်သည့်​ရက်စွဲက သူ့​မွေး​နေ့နှင့်တိုက်​နေသည်။ ထိုဇနီး​မောင်နှံ၏အမည်များနှင့်အတူ ​မွေးကင်းစသား​ယောကျ်ား​လေး ​ပျောက်သွား​ကြောင်း​ကြော်ငြာအပိုင်းအစတစ်ခုကိုလည်း သတင်းစာက​နေဖြတ်ယူထားသည်။ ထို့ပြင် ဦးထိန်ဝင်းနှင့် ​အ​ဖေအရင်းဟုထင်ရသူကလည်း ကုမ္ပဏီချင်း အဆက်အဆံရှိ​ခဲ့ကြသည်။ ထွန်းသစ်စ အသက်နှစ်နှစ်ပြည့်ချိန်တွင် သူတို့သည်လည်း ပူး​ပေါင်း​ဆောင်ရွက်မှုမရှိ​​တော့​ကြောင်း သတင်းစာထဲ ​ကြောငြာထည့်ဖူး​သော သက်​​​သေလည်းရှိ၏။

"ဘယ်လိုလဲ Zett... ဒီ​လောက်ဆို ယုံပြီမလား"

ထွန်းသစ်စ ချက်ချင်းမ​ဖြေနိုင်။ စာရွက်အပိုင်းအစများကို ကြည့်ကာ ​​​ငေါင်​ငေါင်ကြီးသာထိုင်​​နေသည်။ သံသာ စိတ်မရှည်​​တော့ဟန် သက်ပြင်းချကာ စာရွက်​များကိုပြန်သိမ်းသည်။

"ဒါ​တွေက တကယ်အမှန်​တွေပဲလား သံသာ...ဒါဆိုမင်းက​ရော ဒါ​တွေကိုဘယ်လိုသိ​နေရတာလဲ"

"သံသာဘယ်လိုသိတယ်ဆိုတာ အ​ရေးကြီးလို့လား Zett.. အ​ရေးကြီးတာက ဘာလဲမင်းသိပါတယ်"

​ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ် | ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ်Tahanan ng mga kuwento. Tumuklas ngayon