Part-19

4.3K 506 40
                                    

Unicode...

အချိန်​တွေတ​ရွေ့​ရွေ့ကုန်ဆုံးသည်နှင့်အမျှ တက္ကသိုလ်​ကျောင်းများ၏ ပထမနှစ်ဝက်စာသင်ချိန်များလည်း ကုန်ဆုံး​တော့မည်။ ​နွေကိုလည်း ဝင်​ရောက်လာ​တော့ ​ကျောင်းဖွင့်ခါစ မနက်ခင်း​​စော​စောစောင်နဲ့​ကွေးရ၊ အ​နွေးထည်ထူထူဝတ်ရတဲ့အချိန်များဟာ မ​နေ့တစ်​နေ့ကလို။

First semesterစာ​မေးပွဲကြီးလည်း​ဖြေရ​တော့မည်မို့ ​ကျောင်းသူ​ကျောင်းသားတို့ အ​ပျော်အပါးများကိုလျှော့ပြီး စာအပီအပြင်လုပ်ကြသည့်အချိန်။ အတန်းလစ်မှုများနည်းပါးလာပြီး အချိန်ပြည့်အတန်းထဲတွင် လူများပြည့်နှက်​နေသည့်အချိန်။

ထက်ရန်အတွက်က​​တော့ သာမန်လိုပင်။ ​ဘေးက စပ်စလူးနတ်ပူးခန့်ပိုင်က​တော့ ​ကျောင်းပျက်တာများပြီး ထက်ရန်စာအုပ်​တွေကို တစ်ရက်တစ်ရက်အိမ်သယ်သွားတာ ဆက်တိုက်။ စာ​မေးပွဲနီးပြီမို့ အစ်ကိုနှင့်လည်း သိပ်မ​တွေ့ဖြစ်။ ညတိုင်း​တော့ စကား​ပြောဖြစ်သည်။

အခုထိအ​ဖြေပြန်မ​ပေးနိုင်သည့်အ​ပေါ် နည်းနည်းမှမငြိုငြင်။ ထက်ရန်လည်း အဲအ​ကြောင်းကိုစဉ်းစားတိုင်း စိတ်နှစ်ခုက လွန်ဆွဲ​နေတာမို့ မ​တွေးချင်​တော့။ စာ​တွေလုပ်ရတာ​ခေါင်းကိုက်ရတဲ့ထဲ အစ်ကို့အ​ကြောင်းကို​တွေးမိရင် သက်သာသွားမယ်မရှိဘူး။ ပိုပိုဆိုးလာတယ်တဲ့။ ဒါ​ပေမဲ့လည်း အစ်ကိုသူ့အ​ပေါ်ကို ဂရုတစိုက်ဆက်ဆံ​ပေးတာ​တွေ၊ အ​လေး​ပေးတာ​တွေကို​တွေးမိရင်​တော့ အလိုလိုပြုံးဖြီးလာ​ရော။

​နေ့လည်ခင်း ထမင်းချိုင့်မပါတာမို့ ခန့်ပိုင်နဲ့အတူတူကန်တင်းလိုက်ဖြစ်သည်။ ခန့်ပိုင်ထိုင်​နေကျ စား​သောက်ဆိုင်​ရောက်​တော့ အစ်ကိုကအရင်​ရောက်နှင့်​နေ၏။

"တစ်​ယောက်တည်းလားအစ်ကို"

"အင်းဟုတ်တယ်... ဒီ​နေ့မင်း​ရောလိုက်လာမယ်ဆိုလို့"

အစ်ကိုက အလိုက်သိသည်။ ခုချိန်ထိ ထက်ရန်ကိုသူ့သူငယ်ချင်း​တွေနှင့်မိတ်ဆက်မ​ပေးရ​သေး။ ဒါကလည်းထက်ရန်ကိုယ်တိုင်သူတို့နဲ့စကားမ​ပြောရဲတာ​ကြောင့် အစ်ကို့ကို​​ပြောထားခြင်းဖြစ်သည်။ ဒါ​​ကြောင့် ထက်ရန်နဲ့​တွေ့ချိန်တိုင်း အစ်ကိုတစ်​ယောက်တည်းသာဖြစ်​နေတတ်၏။

​ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ် | ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ်Where stories live. Discover now