Extra-6

2.7K 289 13
                                    

Unicode...

ထွန်းသစ်စ Clubအခန်းထဲသို့အရင်​ရောက်နှင့်​နေသည်။ သံသာ့နှင့်​ဆွေး​နွေးချင်၍ ထမင်းစားချိန်တွင် ချိန်းထားခြင်းဖြစ်၏။

"သံသာ​ရောက်ပြီ​နော်...အို...နှစ်​ယောက်တည်းပါလား...ဘာ​ပြောမလို့ပါလိမ့်"

သံသာက အခန်းပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ပြီး ထွန်းသစ်စ​ဘေးတွင် တင်ပျဉ်​ခွေ၍ဝင်ထိုင်သည်။ ထွန်းသစ်စ အချိန်မဆွဲ​တော့ဘဲ လိုရင်းကိုသာ​ပြောလိုက်​တော့၏။

"မင်းကတိ​ပေးခဲ့တယ်​လေ ဒီအ​ပေးအယူက ထက်ရန်ကိုမထိခိုက်​စေဘူးဆိုတာ... အဲ​တော့ အပြင်မှာ​ရော လိုင်း​ပေါ်မှာပါ စည်းရှိ​အောင်​နေ​ပေးပါ"

"​အော​ဟော်... လိုင်း​ပေါ်မှာ​ပြောရုံနဲ့ ထက်ရန်ကိုထိခိုက်စရာအ​ကြောင်းမရှိ​ဘူး​နော်... Zettကိုယ်တိုင်သူ့ကိုသွားမ​ပြောရင် သိမှာမဟုတ်ဘူး...ပြီး​တော့ သံသာကလည်းဖွာတတ်တဲ့လူမျိုးမဟုတ်ပါဘူး"

ထွန်းသစ်စ ခါးနှစ်ဖက်ကို​ထောက်လျက် ​ခေါင်းကို​​မော့ကာ သက်ပြင်းချလိုက်ပြီး...

"ဘာပဲဖြစ်ဖြစ်ကွာ...အ​ပြောအဆို​ရော အ​နေအထိုင်​ရော ဆင်ခြင်​ပေးပါ...ဒီတစ်ခုကို​တော့ ငါ့ဘက်က​တောင်းဆိုပါရ​စေ...လာမဲ့​ကျောင်းပိတ်ရက်မှာ​တော့ မင်းဖြစ်​စေချင်သလို ဖြစ်​စေရမယ်"

သံသာက နှုတ်ခမ်းများကိုဆူကာ ချစ်စရာ​ကောင်း​သောမျက်နှာပုံစံလုပ်ယူပြီး​နောက် ထွန်းသစ်စကို ​ခေါင်း​စောင်းကာကြည့်သည်။

"Awwn... Zettကအရမ်းချစ်တတ်လိုက်တာ...သံသာလည်း အဲလို​လေးအချစ်ခံချင်လိုက်တာကွာ..​.​မောင်​လေးထက်ရန်ကို အရမ်းအားကျတာပဲ"

ထိုစကားများ​ကြောင့် ထွန်းသစ်စက သူ့ကိုဂြိုကြည့်ကြည့်သည်။ သံသာဟက်ခနဲတစ်ချက်ရယ်လိုက်ပြီး...

"စတာပါ Zettရယ်... အို​ခေ​လေ သံသာဆင်ခြင်​ပေးပါ့မယ်... Zett အလိုကျပဲ​ပေါ့"

သံသာက ထွန်းသစ်စကိုပြုံးပြကာ အခန်းထဲကနေအရင်ထွက်ခဲ့သည်။ အခန်းပြင်အ​ရောက်တွင် မထင်မှတ်ပါဘဲ ထက်ရန်နှင့်ခန့်ပိုင်တို့ကို ​တွေ့လိုက်ရ၏။ သံသာက သူတို့ကိုချက်ချင်းမျက်နှာလွှဲကာ ​ရှောင်ထွက်သွားသည်။

​ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ် | ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ်Tahanan ng mga kuwento. Tumuklas ngayon