Chapter-47
A Warm Hug With Honest Feelings
>>>Unicode<<<
Krist တစ်ယောက် သန့်ရှင်းနေသော အိမ်ကို အဝတ်ဖြင့် တိုက်နေသည်မှာ သုံးကြိမ်မြောက် ရှိနေလေပြီ။ သူကိုယ်တိုင်လည်း အိမ်သန့်ရှင်း လွန်နေသည် ဆိုသည်ကို ရိပ်မိသော်ငြား သူ၏ စိတ်လှုပ်ရှားမှုက သူ့ကို အနားယူခွင့် မပေးပေ။
‘‘ဒီလောက်ဆို ရပါ့မလား’’
သန့်ရှင်းရေး လုပ်လွန်းလို့ အိမ်က တလက်လက်ဖြင့် တောက်ပကာ မျက်စိတောင် ကျိန်းနိုင်လောက်ပေသည်။ သူ ယခုနေနေသည့် အိမ်က စကားသာ ပြောတတ်မည်ဆိုလျှင် ‘တော်ပါပြီ။ လုံလောက်နေပါပြီ’ဟု ပြောတော့မည်ပင်။
ထိုအချိန်တွင် တံခါးဘဲလ်တီးသံ ကြားလိုက်ရသည်။ သူတစ်နေ့လုံး စောင့်မျှော်နေသည့် ပုဂ္ဂိုလ်များ ရောက်ရှိလာလေပြီ။ ထိုပုဂ္ဂိုလ်များကတော့ အခြားသူ မဟုတ်။ သူ့အတွက် အရေးကြီးသော အခန်းဖော် စီနီယာနှင့် အိမ်နီးချင်း စီနီယာပင်။
မတော်တဆမှု ဖြစ်ပြီးတည်းက P’Singto ထံမှ ဖုန်းမရခဲ့ဘဲ ရေကူးပြိုင်ပွဲ မစခင် တစ်ညအလိုတွင်မှ ဖုန်းရခဲ့လေသည်။ ဖုန်းပြောပြီးသည်နှင့် ‘ဘယ်တော့လောက် ပြန်လာဖြစ်မှာလဲ’ဟု မေးရန် မေ့သွားခဲ့သည့်အတွက် နောက်တစ်ကြိမ် ထပ်ခေါ်ရန် ကြိုးစားလိုက်သော်လည်း သူခေါ်ဆိုတိုင်း ဆက်သွယ်မှု ဧရိယာ ပြင်ပ ရောက်နေသည်နှင့် တိုးနေလေသည်။ ထူးဆန်းပါဘိ။ ဖုန်းလိုင်း မကောင်းလို့များလားဟု အကောင်းမြင် တွေးလိုက်ကာ ရေကူးပြိုင်ပွဲ အပြီးတွင် မနေ့ညက ဆက်သွယ်ခဲ့သော ဖုန်းနံပါတ်ကို ပြန်ဆက်ကြည့်လိုက်သည်။ သို့သော် မထူးခြားပေ။
P’Singto ကျ သူ့ကို ဆက်သွယ်လို့ ရပြီး သူက ဆက်သွယ်လျှင်တော့ အဘယ့်ကြောင့် မရသနည်းဟု စိတ်ထဲတွင် ထင့်နေသော်လည်း ဖုန်းလိုင်း မကောင်းတာ နေမှာပါဟု အကောင်းမြင် တွေးရုံမှ လွဲ၍ နည်းမရှိပြီ။ ထိုကိစ္စကို စိတ်ထဲ ထင့်သွားလိုက်၊ အကောင်းဘက်ကနေ ပြန်တွေးလိုက်ဖြင့် နေလာရင်းမှ လွန်ခဲ့သော နှစ်ရက်လောက်က P’Singto ထံမှ ဖုန်းလက်ခံ ရရှိခဲ့ပြန်သည်။ ထိုခေါ်ဆိုမှုတွင် နေ့ရက်နှင့်တကွ သူတို့ မကြာခင် ပြန်လာတော့မည် ဆိုသည့် အထူး သတင်းစကားကိုပါ ကြားသိခဲ့ရလေသည်။ ထို့ကြောင့် ယခုလို အိမ်ကို ပြောင်လက် တောက်ပနေသည်အထိ Krist တစ်ယောက် မနားမနေ သန့်ရှင်းရေး လုပ်နေခြင်းပင်။
YOU ARE READING
Make Me Yours (KristSingto Fanfiction)
FanfictionFirst KristSingto Fanfiction >>>Main Story>>Unicode>>Zawgyi<<< အချစ်ဆိုတဲ့အရာကလူအမျိုးမျိုးထံသို့မထင်မှတ်ထားတဲ့ပုံစံအမျိုးမျိုးနဲ့ရောက်လာတတ်ပါတယ်။ စိတ်ကူးဖြင့်သာဖန်တီးပုံဖော်ရေးသားထားခြင်းဖြစ်ပါတယ်။ Update ကို စိတ်ရှည် သည်းခံစွာ စောင့်ဆိုင်းနိုင်မှသ...