>>>Unicode<<<
မနက် ၇နာရီတွင် မြည်လာသည့် နှိုးစက်သံက တနင်္လာနေ့မှ သောကြာနေ့အထိ မနက်တိုင်း ကျောင်းသူ ကျောင်းသားတွေရဲ့ အိပ်စက်ခြင်းကို အနှောင့်အယှက် ပေးနေသော အသံ ဖြစ်သည်။ ယခုလည်း ဘေးပတ်ပတ်လည် ခေါင်းအုံးတွေနှင့် ဝန်းရံထားသည့် ကုတင်ပေါ်တွင် အိပ်စက်မြဲ အိပ်စက်နေသူကတော့ Krist ပင်။ ထုံးစံအတိုင်း သူ့အကြောင်းသူ သိလို့ နှိုးစက်ကို တစ်နာရီ စောပေးပြီး နာရီဝက်လောက်က ပြန်အိပ်နေတတ်ကာ ကျန်နာရီဝက်ကတော့ အိပ်ရာမှ ထဖို့ အရှိန်ယူနေတတ်သည်။ ထိုအချိန်၌ ကုတင်ဘေးရှိ စားပွဲခုံပေါ်မှ ဖုန်းမြည်သံတို့ ကြားလိုက်လေရာ မျက်လုံးမဖွင့်နှင့်သေးဘဲ တောင်စမ်းမြောက်စမ်း အရင် စမ်းလိုက်လေသည်။ ထိုသို့ စမ်းရင်းနှင့်မှ ဖုန်းကို ရှာတွေ့သွားချိန်တွင်တော့ နားနားတွင် ကပ်လျက် တစ်ဖက်မှ ဆက်သွယ်လာသူကို ဖြေကြားလိုက်လေသည်။
‘‘Hello, Krist Perawat Sangpotirat ပြောနေပါတယ် ခင်ဗျာ့’’
‘‘အိပ်ချင်မူးတူးသာ ဖြစ်နေတာ ယဉ်ယဉ်ကျေးကျေး ပြောနေတာကတော့ မနက်တိုင်း မပြောင်းလဲဘူးကိုး’’
တစ်ဖက်မှ စကားသံကို ကြားလိုက်သည်နှင့် မပြုံးမိဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။ သူ့လို အိပ်ပုတ်ကြီးတဲ့သူကို မနက်တိုင်း မငြီးမငြူ ဖုန်းဆက်ပြီး နှိုးပေးနေသည်က အလယ်တန်းကတည်းက ပေါင်းလာသည့် အချစ်ဆုံး သူငယ်ချင်း Jenn Sunitya.
‘‘Jenny ရာ ငါ့ကို နောက်ထပ် ငါးမိနစ်လောက်တောင် ထပ်အိပ်ခွင့်မပေးနိုင်ဘူးလား။ နင့်ရဲ့ သူငယ်ချင်းလေးကလေ မနေ့ညက အိမ်သန့်ရှင်းရေးတွေ လုပ်နေရလို့ ညတစ်နာရီကျော်မှ အိပ်ရတာ။ ငါ့ကို မသနားဘူးလားဟင်’’
Krist ၏ စကားလုံးတို့ကို နားယောင်ပြီး သနား ကရုဏာသက်လိုက်မိလို့ကတော့ ယနေ့ ကျောင်းတက် နောက်ကျပြီဟုသာ မှတ်ယူထားပါလော့။
‘‘မသနားနိုင်ဘူး။ ထတော့။ နင် မနက်စာ ပြင်ရဦးမယ်မလား။ ပြီးတော့ ဒီနေ့က ငါတို့ ပထမဆုံး ကျောင်းတက်ရမယ့်ရက်လေ။ ပထမရက်မှာ ကျောင်းနောက်ကျရင် ဆရာတွေ အမြင်မကြည်တာ ခံရလိမ့်မယ်’’
![](https://img.wattpad.com/cover/183886574-288-k111722.jpg)
YOU ARE READING
Make Me Yours (KristSingto Fanfiction)
FanfictionFirst KristSingto Fanfiction >>>Main Story>>Unicode>>Zawgyi<<< အချစ်ဆိုတဲ့အရာကလူအမျိုးမျိုးထံသို့မထင်မှတ်ထားတဲ့ပုံစံအမျိုးမျိုးနဲ့ရောက်လာတတ်ပါတယ်။ စိတ်ကူးဖြင့်သာဖန်တီးပုံဖော်ရေးသားထားခြင်းဖြစ်ပါတယ်။ Update ကို စိတ်ရှည် သည်းခံစွာ စောင့်ဆိုင်းနိုင်မှသ...