Chapter-21- Friendship

386 34 4
                                    

Chapter-21

Friendship

>>>Unicode<<<

‘‘Kit ဒါဆို နင်ပြောတာက မနေ့ညက နင့်ကို အိမ်ပေါ်က အိမ်ရှင် အဒေါ်ကြီးက နှင်ချလိုက်တယ် ဆိုပါစို့’’

‘‘ဆိုပါစို့လို့ မပြောရဘူး။ တကယ်နှင်ချ ခံလိုက်ရတာ’’

‘‘ဟုတ်ပြီ၊ ဒါဆို နင်အခု ဘယ်မှာ နေနေတာလဲ’’

‘‘P’Singto အိမ်မှာ နေနေတယ်’’

‘‘နင် အဆင်ပြေရဲ့လား’’

‘‘ပြေတာပေါ့။ တကယ် ပြေပါတယ်’’

‘‘ငါ့အိမ်မှာသာ အဆင်ပြေရင် နင့်ကို ခေါ်ထားပေးပါတယ်။ ဒါပေမယ့် အခုအိမ်မှာ ရွာက အမျိုးတွေ ရောက်နေကြတော့ ဘယ်လိုမှ အဆင်မပြေဘူး’’

‘‘တကယ်လား။ နင်လည်း တော်တော် ခက်ခဲ နေမှာပဲ’’

‘‘သိပ်မခက်ခဲတော့ပါဘူး။ အစ်မ ဆုံးသွားတာလည်း နှစ်နှစ်တောင် ပြည့်တော့မယ် ဆိုတော့ အဖေက အလှူလေး တစ်ခု လုပ်ဖို့ စိတ်ကူးနေတာ။ အမျိုးတွေက အဲ့ဒီ့အလှူမှာ ကူလုပ်ပေးဖို့ ရောက်လာကြတာလေ ’’

Jenny၏ လေသံတွင် ဝမ်းနည်းမှုများ ပါနေသည်ကို Krist သတိထားမိလေသည်။ Jenny၏ အစ်မဖြစ်သူ Jennaသည် သူ့ထက် အသက်နှစ်နှစ် ပိုကြီးကာ အထက်တန်း ပထမနှစ်တွင် ကားတိုက်မှုဖြင့် ဆုံးသွားခဲ့လေသည်။ Jennyကတော့ သူမ ဆုံးသွားရခြင်းမှာ သူ့ကြောင့်ဟု ထင်မှတ်ထားသူဖြစ်ပြီး Kristကတော့ ထိုသို့ မထင်စေချင်လို။ သူ၏အစ်မ သေဆုံးမှုသည် Jenny မိန်းကလေးလို ဝတ်ဆင်ရခြင်း၏ အကြောင်းအရင်းလည်း ဖြစ်လေသည်။

‘‘Kit နင်ငါတို့ ဆိုင်မှာ လုပ်ဖို့ ဆုံးဖြတ်ပြီးပြီလား’’

‘‘လုပ်ချင်တာပေါ့။ ဒါပေမယ့် ငါအခု အိမ်မှာ အထုပ်တွေ သိမ်းပြီး အိမ်အသစ် ရှာရဦးမယ်။ စနေ၊ တနင်္ဂနွေတော့ ဆိုင်မှာ ငါလာကူပေးပါ့မယ်။ ကျောင်းဖွင့်ရက်တွေကတော့ လာမလုပ်ဖြစ်နိုင်လောက်သေးဘူး။ အဲ့ဒါကြောင့် ငါ့အိမ်အခြေအနေ အဆင်ပြေမှ တရားဝင် အလုပ်စဆင်းမယ်လေ’’

‘‘ကောင်းတာပေါ့။ ငါတို့ နှစ်ယောက် နောက်ဆုံးတော့ အတူတူ အလုပ်လုပ်လို့ ရပြီ’’

Make Me Yours (KristSingto Fanfiction)Onde histórias criam vida. Descubra agora