Chapter-5- Chasing A Cat

1.1K 90 45
                                    

>>Unicode<<<


‘‘Kit’’

‘‘ဟင်’’

‘‘ဒီညနေကို ငါတို့ မုန့်သွားစားကြမလား။ ဒီနားမှာ မကြာသေးခင်ကမှ အသစ်ဖွင့်ထားတဲ့ ကိတ်မုန့်ဆိုင် ရှိတယ်လေ။ ငါ အဲ့ဒီ့ဆိုင်မှာ သွားစားချင်နေတာ ကြာပြီ။ ဒီနေ့ ကျောင်းဆင်းရင် အတူ သွားကြမလား’’

Jenny သည် Krist ကို သူ သွားချင်လွန်းသည့် ဆိုင်သို့ သူနှင့်အတူ လိုက်ခဲ့ရန် အားတက်သရော ဖိတ်ခေါ်နေလေ၏။ Krist ကတော့ သူငယ်ချင်းဖြစ်သူလောက် သွားချင်စိတ် မရှိပေ။ နဂိုကတည်းက လူက ဖောင်းဖောင်းအစ်အစ်လေး ဖြစ်နေသည်မို့ ကိတ်မုန့်လို အချိုများတဲ့ အရသာများ စားလိုက်သည်နှင့် နှစ်ဆလောက် ဘေးကားလာမည်မှာ မုချမလွဲပေ။ ဤအခြေအနေမျိုးတွင် Jenny ကို အားကျမိလေသည်။ သူ၏ အကြိုက်ဆုံး အစားအစာက အချိုများသည့် ကိတ်မုန့်များ ဖြစ်နေသည့်တိုင် ဘယ်လောက်စားစား ဝမလာသည့် ခန္ဓာကိုယ် အချိုးအစားမျိုးကို ပိုင်ဆိုင်ထားသူ ဖြစ်သဖြင့် ‘အချိုများတာတွေ စားရင် ဝလာလိမ့်မယ်၊ မစားနဲ့’ဟု ပြောရန် မလိုအပ်ပေ။ ဘယ်လောက်ပဲ မသွားချင်နေပါစေ။ Jenny ကို ငြင်းမရသူမို့ သူနှင့် အဖော်လိုက်ပေးရန် ဆုံးဖြတ်လိုက်လေ၏။

‘‘Gun, မင်းလည်း ညနေ အားတယ်မလား။ ငါတို့နဲ့ အတူ လိုက်ခဲ့လေ။ ဂိမ်းဆော့ရဦးမယ်လို့တော့ မပြောနဲ့နော်။ ငါတို့အတွက် အချိန်သပ်သပ် ဖယ်ပေးနိုင်တယ် မဟုတ်လား’’

‘‘မနေ့ကလေးတင် Tournament က ပြီးသွားတာဆိုတော့ ငါ အိမ်အမြန် ပြန်ပြီး ဆော့စရာ မလိုသေးဘူး။ နောက်ပွဲစဉ်တွေ လာမှသာ မင်းတို့အတွက် အချိန် မပေးနိုင်တော့မှာ’’

Gun ၏ ဂိမ်းပိုင်းဆိုင်ရာ ဝေါဟာရများကို နားမလည်သူ တစ်ယောက် အနေနှင့် ပြန်ဖြေလိုက်သည်ကတော့ ရိုးရိုးရှင်းရှင်းသာ။

‘‘Okay. ဒါဆို ငါတို့နဲ့ လိုက်လို့ ရတယ်လို့ ပြောချင်တာမလား’’

‘‘အင်း။ အဲ့ဒီမှာ ကိတ်မုန့်ပဲ ရတာလား။ ငါက ကိတ်မုန့်တွေ သိပ်မကြိုက်ဘူး။ တခြား သောက်စရာ တစ်ခုခု ရလောက်တယ်မလား’’

Make Me Yours (KristSingto Fanfiction)Where stories live. Discover now