Chapter-28.5- Promise?

183 23 0
                                    

Chapter-28.5

Promise?

>>>Unicode<<<

Meilikaသည် Sunitya မိသားစု၏ အိမ်မှပြန်ရန် အစီအစဉ် မရှိဘဲ တစ်ညတာ နားခိုရန် နေရာအဖြစ်သာ သတ်မှတ်ထားလေသည်။ Nong Snow အိမ်စာရေးလို့ ပြီးသွားသည့်အချိန်ထိ အခန်းတွင်းတွင် သည်းခံ စောင့်ဆိုင်းနေခဲ့လေ၏။ Jennyသည် သူ၏ အစ်မ Jenna၏ အခန်းတွင်းသို့ ခွင့်ပြုချက် မရှိဘဲ ဝင်ထားသည့် သူမကို အမြင်မကြည်လောက်ဘူးဟု ယူဆသဖြင့် Nong Snow ရှိရာ ဧည့်သည်ခန်းတွင် အချိန်ကြာကြာ နေခဲ့လေသည်။ Jennyကတော့ Meilikaကို အိမ်ပြန်သွားပြီဟု ထင်နေသည့်အတွက် ညနေစာ စားရန် Snowကို လာခေါ်သည့်အခါမှသာ သူမကို ဧည့်သည်ခန်းတွင် မြင်လိုက်ရသဖြင့် ပို၍ အံ့ဩသွားရသည်။

‘‘ငါ နင်ပြန်သွားပြီ ထင်နေတာ’’

‘‘အခု မပြန်သေးတာ မြင်နေရပြီ မဟုတ်လား။ ငါဗိုက်ဆာနေပြီ။ Snowလည်း အိမ်စာရေးလို့ ပြီးသွားပြီ ဆိုတော့ သွားကြရအောင်’’

‘‘နေပါဦး၊ နေပါဦး။ အခု ဘယ်ကို သွားဖို့ ပြင်နေတာလဲ’’

‘‘ထမင်းစားကြမယ်လေ။ ငါဗိုက်ဆာနေပါပြီဆို’’

‘‘ဘယ်သူ့ သဘောနဲ့လဲ’’

‘‘Jennရဲ့ သဘောနဲ့လေ။ နင်က ငါ့ကို ဒီအိမ်ကို ဖိတ်ထားတာဆိုတော့ ဧည့်ခံ ကျွေးမွေးဖို့က နင့်တာဝန် ရှိတယ်လေ။ သွားရအောင် Snow’’

‘‘အဲ့ဒီ့မှာ ရပ်လိုက်ပါဦး။ ပထမ အချက်အနေနဲ့ ငါက နင့်ကို ဒီအိမ်ကို ဖိတ်ထားတာ မဟုတ်ဘူးလေ။ ဒုတိယအချက်အနေနဲ့က နင်လဲကျသွားလို့ အိမ်ကို ပြန်ပို့ပေးရမှာ နင့်အိမ်လိပ်စာ မသိတာနဲ့ ငါက နင့်ကို ငါ့အိမ်ကို ခေါ်လာရတာ။ တတိယအချက်အနေနဲ့ နင့်အိမ်က လူတွေ နင်ဒီလောက် အကြာကြီး ပျောက်နေတာ စိတ်ပူလောက်ပြီ မဟုတ်လား။ နင်ပြန်သင့်ပြီလို့ ငါထင်တယ်’’

‘‘အချက်တွေနဲ့ ပြောနေပါလား။ ဒါဆို ငါလည်း အချက်တွေနဲ့ ပြန်ရှင်းပြရတာပေါ့။ ပထမအချက်အနေနဲ့ နင်က ငါ့ကို ဒီအိမ်ကို ဖိတ်ခေါ်ထားသည် ဖြစ်စေ၊ မခေါ်ထားသည် ဖြစ်စေ ငါအခု နင့်အိမ် ရောက်နေပြီ ဆိုတော့ အိမ်ရှင် ဝတ္တရား ကျေပွန်အောင် ထမင်းလေးတော့ ကျွေးသင့်တယ် မဟုတ်လား။ ဒုတိယအချက်အနေနဲ့ ငါက ဒီနေ့ ပြန်စရာ အိမ်မရှိတဲ့အတွက် နင့်အိမ်ကို လဲကျချင်ယောင်ဆောင်ပြီး တမင်လိုက်လာတာ။ လမ်းခုလတ်မှာတော့ တကယ် အိပ်ပျော်သွားတာပေါ့။ ထားပါ။ တတိယအချက်အနေနဲ့ကတော့ ငါ့ကို ဘယ်သူမှ စိတ်ပူမယ် မထင်ပါဘူး။ Danzက ငါ့ကို ပစ်သွားတော့ နင်သာ အိမ်မခေါ်လာရင် ငါလမ်းပေါ်မှာ အိပ်ရမှာ။ အဲ့ဒါကြောင့် နားလည်ပေးပါ။ ရှင်းသွားပြီ မဟုတ်လား။ ငါထမင်းစားလို့ ရပြီ ထင်ပါတယ်’’

Make Me Yours (KristSingto Fanfiction)Opowieści tętniące życiem. Odkryj je teraz