Chapter-18- Unfinished Work

456 28 0
                                    

Chapter-18

Unfinished Work

>>>Unicode<<<


ဝင်ခွင့် စာမေးပွဲ။ ထိုစာမေးပွဲသည် မည်သည့် မေးခွန်းနှင့် မည်သို့ မည်ပုံ စစ်မည်မှန်း မသိရသေးပေ။ သို့သော်လည်း Terri တစ်ယောက် သူ့ကို မေးလာမည့် မေးခွန်းများကို လိမ်ညာဖြေဆိုရန် အဆင်သင့် ဖြစ်နေလေသည်။ ယခု သူသည် သူတို့၏ ခေါင်းဆောင်ဟု ထင်ရသော လူ၏ရှေ့တွင် သူ့လိုမျိုး လူသစ်များစွာဖြင့် တန်းစီမတ်တပ်ရပ်နေရလေသည်။ လူသစ်၅ယောက်သည် မျက်နှာကို မျက်နှာဖုံးစွပ်ခွင့် မရသေးဘဲ အဖွဲ့ဝင်ဖြစ်ကြောင်း သေချာမှသာ မျက်နှာဖုံး တပ်ဆင်ခွင့်ရှိသည် ဖြစ်သောကြောင့် သူတို့၏ ရုပ်သွင်ကို သေချာ စစ်ဆေးကြည့်ရှုနေသည်ဟု ပြောရပေမည်။ ထိုခေါင်းဆောင်ဟု ထင်ရသူသည် သူ့ဘေးအစွန်မှ တစ်ယောက်ကို မေးခွန်းမေးနေလေသည်။

''မင်းက ဒီအဖွဲ့ထဲကို ဘာ့ကြောင့် ဝင်ချင်ရတာလဲ''

''ကျွန်တော့် မိသားစု စားဝတ်နေရေး မပြေလည်လို့ပါ။ ဒီမှာက အဖွဲ့ဝင်တွေကို ကောင်းကောင်း ကျွေးမွေးပြီး လခကောင်းကောင်းပေးတယ်လို့လည်း ကြားပါတယ်''

''မင်းဆက်ဖြေစရာ မလိုတော့ဘူး။ မင်းကို ထုတ်ပယ်တယ်။ တခြားအလုပ်ရှာဖို့ အိမ်ပြန်လို့ ရပြီ''

''ဘာ့ကြောင့်များလဲ ဆရာ''

ထိုသူသည် ခေါင်းဆောင်ဆိုသူ၏ အင်္ကျီလက်မောင်းကို လှမ်းဆွဲလိုက်ကာ သူ့ကို ဘာ့ကြောင့် ဝင်ခွင့်မပြုသည်ကို မေးခွန်းထုတ်နေလေသည်။ ထိုခေါင်းဆောင်သည် သူ့လက်မောင်းကို ဆွဲလိုက်သည့် လက်ကို တခြားလက်ဖြင့် ဖြုတ်ချလိုက်ရင်း အင်္ကျီလက်ကို လက်ကိုင်ပုဝါဖြူဖြင့် ခါနေလေသည်။ ထို့နောက် သူ၏ မေးခွန်းကို ဖြေပေးလေသည်။

''ငါတို့ အလုပ်က မိသားစု၊ သူငယ်ချင်း သံယောဇဉ်တွေဆိုတဲ့ ဆက်ဆံရေးတွေနဲ့ ကင်းရှင်းနေရမယ် ဆိုတာကို မင်းကို ဘယ်သူကမှ မပြောြပလိုက်ဘူးလား။ ဘယ်ကမှ မကြားဖူးဘူးလား။ မင်းရဲ့ မိသားစုကို ရှာကျွေးမယ်ဆိုတဲ့ ရည်မှန်းချက်က ကောင်းပါတယ်။ ဒါပေမယ့် ငါတို့အဖွဲ့က မင်းကို လက်ခံဖို့ ဆိုတာလောက်အထိတော့ ကောင်းမနေဘူး။ ငါစကားကောင်း ပြောနေတုန်း သွားလိုက်တော့။ မင်းမသွားရင် ငါ့ကို အဆိုးမဆိုနဲ့''

Make Me Yours (KristSingto Fanfiction)Where stories live. Discover now