Chapter-23- Teasing Adorable Junior

446 38 1
                                    

Chapter-23

Teasing Adorable Junior

>>>Unicode<<<

''ဒီနေ့ ကူညီပေးကြတာ ကျေးဇူးတင်ပါတယ်''

''ပြောဖို့ မလိုပါဘူး Kitရာ။ ဒါတွေက အသေးအဖွဲ ကိစ္စလေးတွေပဲလေ။ သူငယ်ချင်း အချင်းချင်း ကူညီပေးရမှာပေါ့။ ဒါနဲ့ ကူညီပေးရတာ အရမ်းပင်ပန်းသွားလို့ ထင်တယ်။ ဗိုက်က ဆန္ဒပြနေပြီ''

''ကိုယ်တို့ရောပဲ''

Jenny၏ အပြောကို P'Singtoနှင့် P'Backပါ ထောက်ခံလိုက်သည်ကို Krist မအံ့ဩပေ။ သူကိုယ်တိုင်လည်း ဗိုက်ဆာနေသောကြောင့်ပင် ဖြစ်၏။

''ကျွန်တော်လည်း ဗိုက်ဆာနေတာပဲလေ။ ဒါပေမယ့် မနေ့ညက ချက်ထားတာတွေကလည်း နေ့လည်က ထမင်းဘူးတွေ ပြင်လိုက်ရလို့ ကုန်သွားပြီလေ။ ဟင်းရော ထမင်းရော ကျန်တော့မှာ မဟုတ်ဘူး။ အခုမှ ဝယ်ပြီး ချက်ဖို့လည်း ဗိုက်က အဲ့ဒီ့လောက်ထိ ကြာကြာ စောင့်နိုင်မှာ မဟုတ်ဘူး''

''ဒါဆိုလည်း အပြင်မှာပဲ စားကြရအောင်လေ။ ကိုယ်တို့က အပြင်စာစားနေကြဆိုတော့ ဆိုင်ကောင်းကောင်းကို သိတယ်။ Nong Jennyလည်း လိုက်ခဲ့မှာ မဟုတ်လား။ စားပြီးမှ ပြန်ပေါ့။ Backကို ပြန်လိုက်ပို့ခိုင်းလိုက်မယ်လေ''

''ဘာလို့ ငါ့ကို လိုက်ပို့ခိုင်းရတာလဲ။ မင်းလည်း အားနေတာပဲကို။ မင်းလိုက်ပို့လိုက်ပါလား''

Back၏ အထွန့်တက် ပြောဆိုမှုကို Singtoက ပြန်ငြင်းလေသည်။

''ငါက ကျောင်းက ပေးလိုက်တဲ့ အိမ်စာ ရေးရဦးမယ်လေ။ မင်းက ပြီးရင် ငါ့ဆီကပဲ ကူးမှာ မဟုတ်လား''

''ဟုတ်သားပဲ''

''အစ်ကိုတို့ ကျွန်တော့်ကို လိုက်ပို့ဖို့ မလိုပါဘူး။ ဒီနားက ကားဂိတ်အထိကို ကျွန်တော့် ဘာသာ သွားတတ်ပါတယ်''

Jenny၏ အပြောကို စိတ်မချသဖြင့် Kristက အထွန့်တက် ပြောလေသည်။

''ဒါတော့ ဘယ်ဖြစ်မလဲ။ ငါ့သူငယ်ချင်း အချောအလှလေးကို သူများ ပြန်ပေးဆွဲသွားရင် ဘယ်လိုလုပ်မလဲ။ ငါ့သူငယ်ချင်းကို တစ်ယောက်တည်း လွှတ်ဖို့ စိတ်မချဘူး''

Make Me Yours (KristSingto Fanfiction)Opowieści tętniące życiem. Odkryj je teraz