Chapter-3- Unexpected Encounter Again

1.3K 95 9
                                    

>>>Unicode<<<

‘‘သား, အမေတို့ ဝယ်စရာရှိတာ အစုံဝယ်ပြီးပြီ မဟုတ်လား။ ပိုက်ဆံရှင်းပြီး ပြန်ကြရအောင်လေ။ Jenny, အန်တီတို့နဲ့ လိုက်ခဲ့ရလို့ သားကိုတောင် အားနာမိတယ်။ ညနေကို အန်တီတို့ အိမ်မှာပဲ ထမင်းစားသွားပါလား’’

‘‘ကျွန်တော်ကတော့ ဒီလို ဖိတ်ခေါ်မှုမျိုးကို သဘောကျတာပေါ့။ ဒါပေမယ့် အိမ်က စာလှမ်းပို့တယ်။ ဆိုင်မှာ လူရှုပ်နေလို့ အမြန် ပြန်လာခဲ့ပါတဲ့။ အဲ့ဒါကြောင့် အခု ပြန်မှ ဖြစ်မှာ။ မဟုတ်ရင် အိမ်က လူကိုယ်တိုင် လာပြီး နားရွက်ဆွဲ ခေါ်တော့မယ်။ နောက်တစ်ခေါက်မှပဲ ထမင်းလိုက်စားတော့မယ်။ Kit, ငါ ပြန်နှင့်တော့မယ်နော်’’

‘‘အင်း။ မနက်ဖြန်မှ ကျောင်းမှာတွေ့မယ်"

ကုန်တိုက်မှာ Krist တို့နှင့် ဟင်းချက်စရာတွေ လိုက်ရွေးပေးနေတုန်း Jenny ၏ အိမ်မှ မက်ဆေ့ချ် လှမ်းပို့ပြီး အိမ်အမြန် ပြန်လာဖို့ လှမ်းခေါ်နေသဖြင့် သူလည်း ငွေရှင်းပြီးသည်အထိ စောင့်မနေတော့ပေ။ Jenny ပြန်သွားလို့ လူလျော့သွားတော့မှပဲ အစောပိုင်းက စီနီယာ နှစ်ယောက် အနောက်မှာ ပါမလာသည်ကို သတိထားမိတော့လေသည်။ မည်သည့် အချိန်ကတည်းက လမ်းကွဲသွားမှန်းတောင် မမှတ်မိတော့ပေ။ ငွေရှင်းပြီး ကုန်တိုက်က ထွက်တော့မှပဲ ထွက်ပေါက်နားရှိ သစ်ပင်ကို မှီလျက် စကားစမြည် ပြောနေကြသည့် စီနီယာ နှစ်ယောက်ကို မြင်လိုက်ရလေတော့သည်။ Krist တို့ သားအမိ နှစ်ယောက်ကို စီနီယာထဲမှ တစ်ယောက်က သတိထားမိ သွားချိန်တွင်တော့ ပြောလက်စ စကားကို ရပ်လိုက်ကာ ကျန်စီနီယာ တစ်ယောက်ကို သတိပေးလိုက်လေ၏။

‘‘အစ်ကိုတို့ နှစ်ယောက်လုံးက ကျွန်တော်တို့ကို စောင့်နေတာလား။ အစ်ကိုတို့ အိမ်စာ လုပ်စရာ ရှိသေးတယ် မဟုတ်လား။ အလကားသက်သက် ကျွန်တော့်ကြောင့် ကြန့်ကြာနေပါဦးမယ်’’

‘‘ရပါတယ်။ ကိုယ့်ဂျူနီယာတွေထက် စီနီယာတွေက အရင် ပြန်လို့ ဘယ်ဖြစ်မလဲ။ ဟုတ်တယ်မလား Singto’’

အတွေးတွေ ပျံ့လွင့်နေ ပုံပေါ်သည့် Singto ကို Back က စကားစစ်ကူ ခေါ်သည့်အနေနှင့် မေးလိုက်လေသည်။

Make Me Yours (KristSingto Fanfiction)Tempat cerita menjadi hidup. Temukan sekarang