Chapter-48- Which Feelings Are These?

77 11 0
                                    

Chapter-48

Which Feelings Are These?

>>>Unicode<<<

Krist တစ်ယောက် ယခုတလောတွင် Phi Singto နှင့် Phi Back ကို ကြည့်ပြီး မသင်္ကာစရာ အငွေ့အသက် တစ်ခုခု ရနေကြောင်း ခံစားသိရှိနေရသည်။ ထိုကိစ္စနှင့် ပက်သက်ပြီး ထင်သလို ကောက်ချက်ချခြင်း မဟုတ်ပေ။ ပါဆယ်ပို့သမား လာပို့သော စာအိတ်ကို လက်ခံရရှိပြီးသည့် အချိန်မှစပြီး စီနီယာနှစ်ယောက်က ထူးဆန်းနေခဲ့သည်ဟု ဆိုရမည်။ 

P’Singto ပြောခဲ့သည့် စကားကို ယခုထိ မှတ်မိနေပါသေးသည်။ လတ်တလော သင်ကြားပေးသည့် ကျောင်းသင်ခန်းစာများ ခက်ခဲသည့်အတွက် စီနီယာ တစ်ယောက်ထံမှ မေးခွန်းဟောင်းများ ပို့ပေးရန် အကူအညီ တောင်းခဲ့သည် ဆိုသည်ကိုပင်။ ထိုမေးခွန်းလွှာများ လက်ခံရရှိပြီးချိန်မှစပြီး P’Singto နှင့် P’Back တို့ စာအတူ လေ့လာရန် နှစ်ယောက် တပူးတွဲတွဲ လုပ်နေကြခြင်း ဖြစ်လောက်မည်ဟု ထင်ခဲ့လေသည်။ 

သို့သော် ဤသို့ မဟုတ်လောက်ချေ။ စီနီယာ နှစ်ယောက် အနားသို့ သူ ရောက်သွားတိုင်း နှစ်ယောက် စကားပြောနေသည့် အကြောင်းအရာများက ရပ်တန့်သွားလေသည်။ Singto က Krist သံသယ မဝင်ရလေအောင် မူရင်း ပြောနေကြသည့် အကြောင်းအရာမှ လွဲပြီး အကြောင်းအရာမျိုးစုံ တစ်ခုမဟုတ် တစ်ခု ကြံဖန်ပြီး ပြောလေ့ရှိသည်။ ပထမအကြိမ်တွင်တော့ Krist က ယုံကြည်ကာ သူပါ ရောယောင်ပြီး ကြံဖန် ပြောနေသည့် အကြောင်းအရာကို အဟုတ်မှတ်၍ အလိုက်သင့် ပြောဆိုပေးနေသေးသည်။ ဒုတိယအကြိမ်မှာတော့ဖြင့် လွဲမှားနေသည်ကို မခံစားမိဘဲ မနေတော့ပေ။ 

P’Singto နှင့် P’Back တပူးတွဲတွဲ နေကြသည်ကလွဲပြီး နောက်ထပ် ထူးဆန်းတာ ထပ်ရှိသေးသည်။ ဤသည်ကတော့ မနေ့ကပင် ဖြစ်သည်။

‘‘Nong Krist မှာ မိန်းကလေး သူငယ်ချင်း မရှိဘူးလား’’

တီဗီကြည့်နေရင်း ရေခဲမုန့်စားနေသည့် Krist တစ်ယောက် အရင်းမရှိ အဖျားမရှိ မေးခွန်းကို နားထောင်လိုက်ရသည့်အတွက် မျက်ခုံးများ ပင့်တက်သွားတော့သည်။ 

‘‘ရုတ်တရက်ကြီး ဘာလို့ မေးတာလဲ’’

မျက်လုံး အဝိုင်းသားလေးဖြင့် မေးခွန်းမေးနေသည့် စီနီယာကို ပြန်ကြည့်လိုက်ရင်း မေးလိုက်လေသည်။ စီနီယာမှလည်း သူ၏ ရည်ရွယ်ချက်ပါပါ မေးခွန်းကို ဂျူနီယာလေး ဖြေဆိုသည်အထိ ရောက်အောင် ကွေ့ဝိုက် တွန်းပို့ရမည်မှန်း သိနေလေသည်။ 

Make Me Yours (KristSingto Fanfiction)Hikayelerin yaşadığı yer. Şimdi keşfedin