Chapter-42.5- Accidents

185 16 8
                                    

Chapter-42.5

Accidents

>>>Unicode<<<

''မင်းဘက်က အလဲအလှယ် ပျက်အောင် လုပ်မှတော့ ကျုပ်တို့ဘက်က အားနာစရာ မလိုတော့ဘူး။ ညီနောင်တို့.. အိတ်ကို ယူပြီးရင် သူမကို ရှင်းပစ်ခဲ့လိုက်''

''ဒါက ရှင်တို့ စီစဉ်ထားတဲ့ အကြံပေါ့လေ''

သူမသည်လည်း မူမမှန်မှန်း ရိပ်မိကတည်းက သူမ၏ အချက်ပြမှုကို စောင့်ကြည့်နေကြသော Zeckun တို့ဆီသို့ ယခု နေရာသို့ လာခဲ့ရန် စကားဝှက်ကို ထည့်ပြောခဲ့ပြီးသားဖြစ်သည်။ ထိုစကားဝှက်မှာတော့ အခြားမဟုတ်။ သူမ သတ်မှတ်နေရာတွင် အလဲအလှယ်လုပ်ရန် အကြံပြုလိုက်တည်းက ထိုစကား၏ လေယူလေသိမ်းကို ပုံမှန် စကားပြော လေသံနှင့် မတူဘဲ အနည်းငယ် ကွဲလွဲအောင် ပြောလိုက်ခြင်းပင်။ Zeckun သည် ထိုလေသံကို ကနဦးပိုင်းက သတိမထားမိပေမယ့် Backကတော့ ငယ်စဉ်ကတည်းက သူမ၏ လေယူလေသိမ်းသံကို ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်သူမို့ ထိုလေသံသည် သူတို့ကို လှုပ်ရှားရန် အချက်ပြလိုက်သည်ကို နားလည်လိုက်ပေသည်။

Singto ကတော့ဖြင့် Back က သူ့ထက်ပိုပြီး အန်တီလေး အကြောင်းကို နားလည်နေသည့်အတွက် မသိစိတ် တစ်နေရာမှ မနာလိုခြင်းကို ခံစားလိုက်ရလေသည်။ Backက ထိုအချက်ကို ထောက်ပြလိုက်သည်နှင့် Zeckun သည်လည်း ကားကို မောင်းနှင်လိုက်ကာ အလဲအလှယ်လုပ်သည့် နေရာသို့ ချဉ်းကပ် ရောက်ရှိလာပြီးသား ဖြစ်လေသည်။

ထိုခေါင်းဆောင်ဆိုသူ ပေးသည့် အမိန့်ကို နာခံသူက မျက်စိကို စည်းထားရသည့် အမျိုးသားပင်။ ထိုသူသည် လက်ကို စည်းနှောင်ထားသည့် ကြိုးများကို လွယ်လွယ်နှင့် ဆွဲဖြုတ်လိုက်နိုင်ပြီး တစ်ဖက်လက်မှ မျက်လုံးတွင် စည်းထားသည့် အဝတ်ကို ဖယ်လိုက်ကာ တစ်ဖက်လက်မှာတော့ ခါးတွင် ထည့်ထားသည့် ဓားကို ထုတ်လိုက်လေသည်။ မည်သည့် အဖြစ်အပျက် ဖြစ်ပျက်တော့မည်ကို သတိထားမိသွားသော Verenda သည် သူမ ဆောင်ထားမြဲ ဓားမြှောင်လေးကို ထုတ်ကာ နောက်မကျသွားခင် အလျင်အမြန် ပြေးလာလေသည်။

ထိုအမျိုးသားသည် ဘေးတွင် ရှိနေသည့် အမျိုးသမီးကို ဓားဖြင့် ထိုးတော့မည်အလုပ် တစ်စုံတစ်ရာက ထိုအမျိုးသား၏ လှုပ်ရှားမှုကို ရပ်တန့်သွားစေသည်။ ဤသည်ကတော့ မျက်နှာ တစ်ဝက်လောက်ထိ မျက်နှာဖုံးကာထားသော အမည်မသိသူ တစ်ဦး၏ မြှားပစ်ချက်ကြောင့်ပင်။ ထိုမြှားသည် Kellyanကို ဓားဖြင့် ထိုးတော့မည့် အမျိုးသား၏ လက်သို့ ဖောက်ဝင်သွားကာ နာကျင်မှုကို ဖြစ်စေခဲ့သဖြင့် လှုပ်ရှားမှုများ ရပ်တန့်သွားခဲ့ရခြင်းပင်။ Verendaသည် မည်သည့်အချိန်တည်းက သူတို့ အလဲအလှယ် လုပ်သည့် အကြောင်းကို စိတ်ဝင်စားနေသည့် တတိယလူ ရှိနေမှန်းကို သတိမထားမိခဲ့။ သေချာသည်ကတော့ ဒီအမည်မသိလူသည် သူမတို့ အုပ်စုမှ လူမဖြစ်နိုင်။ မည်သည့် အကြောင်းကြောင့် ဖြစ်စေ ထိုလူသည် သူမကို ကူညီပေးနေလေသည်။ ဒီအကူအညီကို လက်လွှတ်မခံသင့်။

Make Me Yours (KristSingto Fanfiction)Donde viven las historias. Descúbrelo ahora