Chapter-50.5- Whisper Of Our Heart

125 15 1
                                    

Chapter-50.5

Whisper Of Our Heart

>>>Unicode<<<

Jenny သည် သူ၏ Designers' Club က ယနေ့တွင် Club Activity များ ရှိနေသဖြင့် Krist တို့ကို 'မစောင့်ဘဲ၊ ပြန်နှင့်ကြတော့'ဟု ပြောလိုက်မိသည်။ Club Activity က ထူးထူးခြားခြားတော့ မဟုတ်။ ထို့ကြောင့် Club က သူမှန်းထားချိန်ထက် စောပြီး ပြီးသွားခဲ့လေရာ Krist တို့နှင့် အတူ ပြန်ဖို့ မှီလောက်ဦးမည်ဟု ထင်ခဲ့လေသည်။ သို့သော် သူ ကျောင်းဂိတ်ပေါက်ဝသို့ ရောက်ချိန်တွင် မည်သူမျှ မရှိတော့။ သူ၏ သူငယ်ချင်းများက ပြန်နှင့်ခဲ့ကြလေပြီ။ ထို့ကြောင့် သူလည်း တစ်ယောက်တည်း အိမ်ပြန်ဖြစ်ခဲ့သည်။ အိမ်ပြန်သည့်လမ်းတွင် ဆိုင်သို့ အလုပ်လုပ်ရန် လာသည့် P'Icegun နှင့် တိုးလေရာ နှစ်ယောက်သား ဆိုင်သို့ ဦးတည် လျှောက်ခဲ့ကြသည်။

''P'Icegun, က အလုပ် တော်တော် ကြိုးစားတာပဲ။ ကျောင်းစာတွေနဲ့ အလုပ်များနေမှာကို အခုအချိန်ထိ တစ်ရက်မှ အလုပ်မပျက်ဖူးသေးဘူး''

Jenny ၏ စကားဆုံးသည်နှင့် P'Icegun က အနည်းငယ် ပြုံးလိုက်မိသည်။ သူက ပြန်ဖြေသည်။

''အခန်းငှားခ ပေးဖို့ ဒီလောက်တော့ လုပ်ရမှာပေါ့။ ပိုတဲ့ ပိုက်ဆံလေးတွေကိုတော့ နောင်တစ်ချိန်ကျ ပြန်အသုံးချလို့ ရအောင် စုထားတယ်လေ''

''P'Icegun က အရမ်း တွေးတတ်တာပဲ။ ကျွန်တော်လည်း အစ်ကို့လို ကြိုးစားမှပဲ''

Icegun သည် Nong Jenny ၏ အပြောကို ရယ်သံတစ်ဝက်ဖြင့် တုံ့ပြန် ပြောဆိုလိုက်လေသည်။

''Nong က စာလည်း တော်ပြီးသားပဲ။ အားလပ်ချိန်မှာလည်း ဆိုင်ကို ကူညီပေးသေးတယ်။ အစ်ကိုကတော့ Nong က အခုထက်ပိုပြီး ကြိုးစားဖို့ မလိုတော့ဘူး ထင်တာပဲ''

''အစ်ကိုက အဲ့ဒီ့လို ထင်တယ်လား။ ကျွန်တော်ကတော့ မလုံလောက်သေးဘူးလို့ ထင်တာပဲ''

Icegun သည် Jenny ၏ ပထမ စကားတစ်ဝက်ကို ကြားကြားချင်း ခေါင်းညိတ်လိုက်လေသည်။ ထို့နောက် သူက ပြောသည်။

''မကြာခင် ဆိုင်ကို ရောက်တော့မယ်။ Nong ဘယ်ကို သွားစရာ ရှိသေးလဲ''

Make Me Yours (KristSingto Fanfiction)Where stories live. Discover now