Chapter-35.5- A Fun Date Part-2

195 30 6
                                    

Chapter-35.5

A Fun Date Part-2

>>>Unicode<<<

‘‘ဒီနားမှာ Game Center လည်း ရှိတာပဲလား’’

‘‘ဝင်ကြည့်ကြမလား’’

Singto သွားသည့်နောက်သို့ Kristလည်း လိုက်သွားလိုက်သည်။ ဝင်ကြည့်ရုံလေးနဲ့တော့ ဘာမှ မဖြစ်လောက်ဘူး မဟုတ်ပါလား။

အရုပ်ကောက်သည့် စက်ကို မြင်သည်နှင့် ပိုက်ဆံနှင့် အကြွေ အနည်းငယ် လဲပြီး ဆော့ကြသည်။ Singtoရော Kristရော အရုပ်တွေ မကောက်မိခဲ့ကြပေမယ့် အကြွေစေ့တွေကတော့ လက်ထဲတွင် နည်းသထက် နည်းလာတော့သည်။

‘‘သိပ်မကျန်တော့ဘူး။ Phi ဒီစက်က အလုပ်မလုပ်ဘူး ထင်တယ်။ ကျွန်တော်တို့ အကြွေတွေကိုတော့ ယူပြီးတော့ အရုပ်လည်း တစ်ခုမှ ကောက်မရဘူး။ နောက်တစ်နေရာ သွားကြရအောင်’’

‘‘ခဏလေး။ ဒီတစ်ခေါက်ပဲ ကြိုးစားကြည့်မယ်။ တစ်ခေါက်ပဲ’’

ဒီတစ်ကြိမ်တွင်တော့ ယုန်ရုပ်၏ တံဆိပ်ချိတ်ထားသော ကွင်းကို အရုပ်ကောက်သည့် ကိရိယာဖြင့် ချိတ်မိသွားပြီးနောက်တွင် အရုပ် ရလာတော့သည်။

‘‘အံ့ဩစရာပဲ။ P’Singက တော်လိုက်တာ’’

‘‘ဒါပေါ့’’

Krist၏ ချီးကျူးမှုကြောင့် Singto နှာတစ်ဖျား ချွန်ထွက်လာသလို ခံစားလိုက်ရသည်။ ထို့နောက်တွင်တော့ အရုပ်ကို ဂျူနီယာလေး လက်ထဲသို့ ထည့်ပေးလိုက်သည်။

‘‘ဒီအရုပ်က P’Sing ကြိုးစားလို့ ရလာတာလေ။ ဘာလို့ ကျွန်တော့်ကို ပေးတာလဲ’’

‘‘Nong ဒီအရုပ်ကို လိုချင်နေတယ် မဟုတ်လား’’

‘‘မဟုတ်ပါဘူး။ ကျွန်တော်က ဒီအတိုင်း လွယ်လွယ် ရနိုင်မယ် ထင်တဲ့ အရုပ်ကို ရွေးလိုက်တာပါ’’

‘‘ဒါဆိုလည်း ကိုယ်က ဒီအရုပ်ကို Nongကို လက်ဆောင်ပေးမယ်လေ’’

‘‘တကယ်လား။ ဒါပေမယ့်...’’

‘‘ယူလိုက်ပါ။ လက်ဆောင်ပေးတာမို့ စိတ်ထဲ ထားမနေပါနဲ့’’

ယုန်ရုပ်လေးကို လက်ထဲတွင် ပိုက်ထားလိုက်ရင်း

‘‘ကျေးဇူးတင်ပါတယ် P’Sing. ဒါနဲ့ ရော့.. ခုနက ဆိုင်မှာ ဒါကို တွေ့တုန်းက အစ်ကို့ကို စဉ်းစားမိလို့ ဝယ်လာခဲ့တာ။ သဘောကျပါ့မလားတော့ မပြောတတ်ဘူး’’

Make Me Yours (KristSingto Fanfiction)Opowieści tętniące życiem. Odkryj je teraz