Chapter-46- Connection

116 20 2
                                    

Chapter-46

Connection

>>>Unicode<<<

Singto သည် နောက်ကြည့်တလှည့်၊ ရှေ့ကြည့်တလှည့်ဖြင့် အသက်လုမတတ် ပြေးလွှားနေရလေသည်။ ခြေထောက်တွင် ခွန်အား ရှိမှန်းတောင် ခံစားလို့ မရနိုင်တော့သည့်တိုင် ပြေးလွှားနေခြင်းကို ရပ်နားလို့ မရနိုင်ပေ။ ရပ်နားလိုက်သည်နှင့် ဆက်ဖြစ်လာမည့် အရာကို မကြုံတွေ့ချင်သောကြောင့်ပင်။ ပြေးရင်း ပြေးရင်းနှင့် သူ၏ ခြေလှမ်းတို့ တုံ့ခနဲ ရပ်သွားရသည်။ ဤသို့ ဖြစ်ရခြင်းမှာ မျက်စိရှေ့တွင် လမ်းမမြင်ရတော့ခြင်းကြောင့်သာ။ မိမိ ရပ်နေသည့် နေရာသည် လမ်းဆုံးသို့ ရောက်နေသော ချောက်တစ်ခု၏ အဖျားစွန်း။ နောက်သို့လည်း ပြန်လှည့်ပြေး၍ မရ။ ရှေ့တွင်လည်း လမ်းမရှိတော့။ ပုံမှန် မဟုတ်သော အသက်ရှူနှုန်း ရှိနေသော်လည်း ဂရုမစိုက်နိုင်အားပြီ။

နဖူးတွင် စိုရွှဲနေသော ချွေးတို့ကို လက်ခုံဖြင့် သုတ်လိုက်ပြီးနောက် အနောက်သို့ လှည့်လိုက်လေသည်။ အနောက်မှ တဖြည်းဖြည်း နီးကပ်လာသော ခြေသံ၊ လှုပ်ရှားသွားသော သစ်ရွက်များ။ ထိုအသံတို့က သူ့ကို ပိုပြီး ချွေးပြန်လာစေလိုက်၊ အသက်ရှူနှုန်းကို မြန်လာစေလိုက် ဖြစ်လာစေသည်။ အဆုံးတွင်တော့ သူ၏ အနောက်သို့ လိုက်လာသော ခြေသံ ပိုင်ရှင်များ ရုပ်လုံး ပေါ်လာလေပြီ။ သူ၏ မျက်စိရှေ့၌ ရုပ်လုံးပေါ်လာသော ခြေသံ ပိုင်ရှင်များထံမှ လွတ်မြောက်ရန်အတွက် ရွေးစရာ လမ်းမရှိတော့ပြီ။ ထိုသူတို့ လက်ထဲတွင် အဖမ်းခံရမည့်အစား လွတ်မြောက်အောင် ကြိုးစားရင်း အသေပဲ ခံလိုက်မည်ဟု ဆုံးဖြတ်လိုက်ပြီးနောက် မိမိ၏ အနောက်ရှိ လမ်းဆုံးနေသော ချောက်ကမ်းပါးစွန်းပေါ်မှ ခုန်ချလိုက်တော့သည်။ သူ ခုန်မချခင်တွင် ကျယ်လောင်သော အသံတစ်သံကိုလည်း ကြားလိုက်ရသည်။

ထိုအသံကို ကြားလိုက်ရသည်နှင့် ကုတင်ပေါ်တွင် မျက်လုံးများ ပြူးကျယ်ကာ လက်ကို ရှေ့သို့ ဆန့်တန်းလျက် နိုးထလာရတော့သည်။ အိပ်မက်လား၊ လက်တွေ့လား၊ ‌ဝေခွဲမရသော ဖြစ်ရပ်ကဲ့သို့ မိမိ၏ နဖူးနှင့် ကျောပြင်တွင်လည်း ချွေးများ ရွှဲနစ်နေလေသည်။ ကွာခြားသည်က ဤနေရာကတော့ဖြင့် လုံခြုံစိတ်ချ၍ ရနိုင်လောက်မည်ဟု ခံစားသိရှိနေသည်မှ လွဲ၍။

Make Me Yours (KristSingto Fanfiction)Where stories live. Discover now