Chapter-41- Silent Leaving

132 17 0
                                    

Chapter-41

Silent Leaving

>>>Unicode<<<

‘‘ဒီနေ့လည်း စီနီယာတွေနဲ့ Kitတို့က လေ့ကျင့်ရေး ဆင်းနေရပြန်ပြီ ထင်ပါရဲ့။ သူတို့က တော်တော် အလုပ်များနေတာပဲနော်’’

‘‘ဘယ်တတ်နိုင်ပါ့မလဲ။ P’Backတို့ မရှိတော့မှပဲ အလုပ်တွေက သေအောင် ရှုပ်သလား မမေးနဲ့။ ငါနဲ့ P’Off နှစ်ယောက်တည်း လက်မလည်ဘူး ဖြစ်နေတယ်။ Jenny နင်အားရင် ငါတို့ကို ကူညီပေးပါလား’’

‘‘အင်းပါ။ အင်းပါ။ ကူညီပေးပါ့မယ်။ အဲ့ဒါကြောင့် ငါ့ကို အတင်း တွယ်ကပ် မနေပါနဲ့တော့။ ငါထွက်မပြေးပါဘူး’’

‘‘ကျေးဇူးပါပဲ’’

‘‘အရင်ဆုံး ဘာလုပ်ပေးရမလဲ’’

‘‘ပထမဆုံး ဒီစာရွက်ပုံတွေကို ငါအခု ပြသလိုမျိုး သပ်သပ်စီ ခွဲပေးပါ’’

‘‘ဒါကတော့ လွယ်ပါတယ်’’

‘‘သပ်သပ်စီ ခွဲပြီးရင် တံဆိပ်တုံး ထုရမယ်။ ဒီစာရွက်တွေအတွက်က ဟိုပေါ်မှာ တင်ထားတဲ့ တံဆိပ်တုံးကို ထုမယ်။ ဒီဘက်က စာရွက်တွေ အတွက်က ဒီနားက တံဆိပ်တုံးကို ထုရမယ်။ မှားလို့ လုံးဝ မရဘူးနော်။ ဟိုပေါ်က တံဆိပ်တုံးကို ငါသွားယူပေးမယ်’’

‘‘ဒါကတော့ နည်းနည်း ခက်တဲ့ အဆင့်ကို တန်းခုန်တက်သွားသလိုပဲ’’

‘‘အခုစလုပ်ပါ။ ကျောင်းသားလေး Jenny’’

‘‘ဟုတ်ပါပြီ။ ကူညီပေးမယ်လို့ ပြောမိတာ ဆိုတော့လည်း ကိုယ့်အပြစ်နဲ့ ကိုယ်ပဲပေါ့’’

Jenny အိမ်မပြန်ခင် Gun က သူတို့ ကျောင်းကောင်စီ ရုံးခန်းကို အလည်လာဖို့ ဖိတ်ခေါ်သဖြင့် သူလည်း လိုက်သွားမိရာမှ ယခုလို အလုပ်တွေ ကူလုပ်ပေးနေလေသည်။ သူ့တွင်လည်း ထူးထူးခြားခြား လုပ်စရာ မရှိသည့်အတွက် ကူလုပ်ပေးနေရသည်မှာ မပြောပလောက်သော အကူအညီကို ပေးလိုက်ခြင်းပင်။

‘‘ဒါနဲ့ Jenny နင် ငါတို့ရဲ့...’’

‘‘ငါ ငြင်းတယ်’’

‘‘ဘာမှတောင် မပြောရသေးဘူး။ ဘယ်လိုဖြစ်ပြီး အဖြေတန်းပေးနေတာလဲ’’

Make Me Yours (KristSingto Fanfiction)Où les histoires vivent. Découvrez maintenant