Chapter-25- SHE is the Culprit

253 24 0
                                    

Chapter-25

SHE is the Culprit

>>>Unicode<<<

‘‘ဘာလို့ စကားမပြောပဲ ရပ်နေတာလဲ။ အ နေလို့လား’’

‘‘ဘာလို့ ကလေးဆန်နေရတာလဲ။ နင်ယူသွားတဲ့ ပစ္စည်း ဘယ်မှာလဲ’’

‘‘ငါက ဘာယူသွားတာမြင်လို့ နင်က ဘာကို ထုတ်ခိုင်းနေရတာလဲ။ မဟုတ်တာတွေကို သက်သေ မရှိဘဲ ပြောမနေနဲ့တော့။ အိမ်ပြန်မယ်’’

Danz၏ အရှေ့တွင် ရပ်နေသော Meilika မေးနေသည်များကို လျစ်လျူရှုသည့် စကားပြောပြီးနောက် သူမ၏ ဘေးကနေ ဖြတ်သွားရာ၌ ဒီ့ထက်ပိုပြီး ရှေ့ဆက်မတိုးနိုင်အောင် လက်မောင်းကို ဖမ်းဆွဲခြင်း ခံလိုက်ရလေသည်။

‘‘အခု ဒါဘာလုပ်နေတာလဲ။ ငါနင့်ကို ပြန်မယ်လို့ ပြောနေတာ မကြားဘူးလား။ ငါ့လက်ကို လွှတ်လိုက်နော်’’

‘‘အကောင်းပြောနေတုန်း နင်ဘယ်ကို ယူသွားလဲ ဆိုတာကိုသာ ပြောလိုက်ပါ။ ဒါဆို ငါနင့်လက်ကို လွှတ်ပေးမယ်’’

လက်မောင်းကို ဆုပ်ကိုင်ထားသည့် လက်ကိုအားဖြင့် ရုန်းလိုက်သည့်အတွက် သူမ၏ လက်မောင်းကို အတင်း ဆုပ်ကိုင်ထားသည့် လက်ချောင်းငါးသွယ်ထံမှ လွတ်မြောက်သွားလေသည်။

‘‘နင့်အဆင့်က ငါ့ကို လာပြီး ညှိနှိုင်းရမယ့် အဆင့်မှာ မရှိတာ သိတယ် မဟုတ်လား’’

‘‘နင်ယူသွားတဲ့ Jennရဲ့ လွယ်အိတ်ကို ဘယ်မှာလဲ’’

‘‘အမှိုက်ထုပ်တွေကို ထိတောင် မထိချင်ပါဘူး။ ဟိုမရောက်၊ ဒီမရောက်ရဲ့ လွယ်အိတ်ကို ယူပြီးတော့ ငါက ဘာလုပ်ရမှာလဲ။ နင်လည်း တဖြည်းဖြည်းနဲ့ ဦးနှောက်က အလုပ်မလုပ်တော့ဘူးလား’’

‘‘အကောင်း ပြောနေတုန်း ဘယ်မှာရှိလဲ ဆိုတာကိုသာ ပြောလိုက်ပါ။ ငါနင်နဲ့ ရန်မဖြစ်ချင်ဘူး’’

‘‘ငါကလည်း နင်ရန်ဖြစ်မှာကို ကြောက်မနေပါဘူး။ ငါမယူထားတာ သေချာတာကို ငါက ဘာလို့ နင့်ကို ကြောက်လန့်နေရမှာလဲ။ နင့်ကိစ္စ မဟုတ်ဘဲ ဝင်ပါနေပြန်ပြီ။ နင့်ကို ကျောင်းလာခွင့်ပြုထားတာ ငါ့ကို အဖော်လုပ်ဖို့နော်။ မဆိုင်တာတွေ ဝင်ပါနေဖို့ မဟုတ်ဘူး’’

Make Me Yours (KristSingto Fanfiction)Where stories live. Discover now