Chapter-51.5- Taking The Chance, Nothing To Hide

119 12 3
                                    

Chapter-51.5

Taking The Chance, Nothing To Hide

>>>Unicode<<<

ညနေ ကျောင်းဆင်းချိန်တွင် Gun နှင့် Jenny သည် Krist ကို လူနာသတင်းမေးရန် Singto ၏ တိုက်ခန်းသို့ ရောက်လာကြလေသည်။ Jenny ဖုန်းဆက်လိုက်သည့် အချိန်တွင် သူတို့သည် ဆေးရုံတွင် ရှိမနေတော့ပေ။ Krist က ဆေးရုံ အငွေ့အသက်ကို မကြိုက်သည့်အပြင် ကြာကြာနေလျှင် ပိုပြီး ငွေကုန်ကြေးကျ များမည်ကို စိုးရိမ်လေတော့သည်။ ထိုအပိုင်းနှင့် ပက်သက်ပြီး Singto က သူတာဝန်ယူပါသည်။ ဒီလောက်လည်း မများပါဘူးဟု ပြောသော်လည်း ဆေးရုံတွင် အော်ငို၍ အိမ်ပြန်ရန် ဂျီတိုက်နေသောကြောင့် Singto သည် အခြားသူတွေကို အနှောင့်အယှက် မဖြစ်စေရန် မလွဲရှောင်သာဘဲ အိမ်ပြန်သည့် နည်းကိုသာ ရွေးချယ်လိုက်ရလေသည်။

''ဒီလိုမျိုး ဖြစ်ခဲ့တာလား''

Singto သည် ခေါင်းညိတ်လိုက်ကာ Jenny ၏ အမေးကို ဖြေပေးလိုက်လေသည်။ ဆေးရုံတွင် Krist ၏ ဂျီကျပုံတွေကို ရှင်းပြလိုက်ပြီးနောက် ဒီနေ့ တစ်နေ့လုံး ပင်ပန်းလာခဲ့သမျှကို ကော်ဖီအေး တစ်ခွက်ဖြင့်သာ ဖြေဖျောက်နေလေသည်။ နေမကောင်းသည့်သူကို ပြုစုရသည်မှာ ဤမျှလောက်ထိ ပင်ပန်းမှန်း ယခုမှ နားလည်သွားရလေသည်။

''ဒါနဲ့ ကျွန်တော်နဲ့ Gun, လမ်းမှာ အစားအသောက်တွေ တွေ့လို့ ဝယ်လာခဲ့တယ်။ P'Singto ရော P'Back ရော ညစာ မစားရသေးဘူး မဟုတ်လား။ အစ်ကိုတို့ အကြိုက် ဟုတ်၊မဟုတ်တော့ မသိပေမယ့် အဆင်ပြေလောက်မယ် ထင်တာပဲ''

''ကျေးဇူးပဲ Nong Jenny. မဟုတ်ရင်တောင် အိမ်ကို လာပို့ဖို့ မှာလိုက်တော့မလို့ဘဲ။ ကောင်းကောင်း သုံးဆောင်ပါ့မယ်''

''Kit, အတွက်တော့ ခံတွင်းပျက်နေမှန်း သိလို့ သူ ကြိုက်တဲ့ ရွှေဖရုံ ဆန်ပြုတ် ဝယ်လာမလို့ဘဲ။ ဒါပေမယ့် အဲ့ဒီ့ဆိုင်က နည်းနည်း လှမ်းတော့ အချိန် တအားကြာမှာ။ အဲ့ဒါကြောင့် ကျွန်တော်တို့ လာတဲ့ လမ်းမှာတွေ့တဲ့ ခရုဆန်ပြုတ်ပဲ ဝယ်လာလိုက်တယ်။ သူ ခံတွင်းတွေ့ပါ့မလားတော့ မပြောတတ်ဘူး''

Jenny နှင့် Gun ဝယ်လာသည့် စားသောက်ဖွယ်ရာများကို ပန်းကန်လုံးများသို့ အသီးသီး ထည့်လိုက်ပြီးနောက် Krist အတွက် ရည်ရွယ်သည့် ဆန်ပြုတ် ပန်းကန်ကိုတော့ဖြင့် သီးသန့် ဖယ်ထားလိုက်ကာ သူ နိုးလာမှ ယူသွားပေးရန် စီစဉ်ထားလေသည်။ မှောင်ရိပ်ကျနေပြီ ဖြစ်သောကြောင့် Krist နိုးသည့်အချိန်ထိ မစောင့်ကြတော့ဘဲ တအောင့်အကြာတွင် ဂျူနီယာ နှစ်ယောက် ပြန်သွားကြလေသည်။ Nong Gun သည် သူ မပြန်ခင်တွင် Danz မှ ကျွန်တော့်ကို ကျောင်းကောင်စီ ရုံးခန်းတွင် လာရှာသည့် အကြောင်းကို ပြောပြလေတော့ ကျွန်တော် ဒီနေ့ တစ်နေ့လုံး သူမကို ပစ်ထားမိမှန်း သတိရသွားလေသည်။ ထို့ကြောင့် ဂျူနီယာလေးတို့ ပြန်သွားသည့်အချိန်မှ Danz ကို ဆက်သွယ်လိုက်လေသည်။ သေချာတာပေါ့။ မည်သို့ လိမ်ရမည်ကို ကျွန်တော် အခုမှ သိသည် မဟုတ်ပေ။ အစကတည်းက ဒီဆက်ဆံရေးက အလိမ်အညာပဲ မဟုတ်ပါလား။

Make Me Yours (KristSingto Fanfiction)Where stories live. Discover now