Chapter-30
Before The Truth To Be Told
>>>Unicode<<<
Jennyသည် ပထမ အချိန်ပြီးသည့်နောက် ဒုတိယအချိန် အတန်းမစခင်တွင် Gun၏ ထိုင်ခုံ၌ Kristနှင့် Gunကို မနေ့က သူ၏ လွယ်အိတ် ပျောက်သည့် ဖြစ်စဉ်အကြောင်းကို ဖြစ်ကြောင်းကုန်စင် ရှင်းပြလေသည်။
‘‘ဒါဆို Danzက နင့်လွယ်အိတ်ကို ယူသွားတာပေါ့။ ယုံတောင် မယုံနိုင်ဘူး’’
‘‘အခု ပြဿနာက ငါ့လွယ်အိတ် ပျောက်တဲ့ ပြဿနာ မဟုတ်ဘူး။ ရန်ဖြစ်ကြတဲ့ ပြဿနာပဲ။ ကျောင်းက ဆရာ၊ ဆရာမတွေ မသိခင် ကျောင်းကောင်စီက အရင်သိတာ ဆိုတော့ ပြဿနာ ကြီးမလာရအောင် ခေါ်ပြီး သတိပေးရုံလောက်ပဲ လုပ်မှာ။ နောက်တစ်ပတ်ထဲ အစမ်း စာမေးပွဲဖြေရတော့မယ် ဆိုတော့ ကျောင်းနားခိုင်းလို့တော့ မရနိုင်ဘူးလေ’’
‘‘ဒါဆို ရပြီလေ။ Jenny နင်က ဘာကို စိတ်ပူနေတာလဲ’’
Gun၏ အမေးကို Jennyသည် မျက်စိမှိတ်လိုက်ပြီး သက်ပြင်းချပြီးမှ ပြန်ဖြေနိုင်တော့သည်။
‘‘ငါက Danzကို သူမကိုယ်တိုင် ဝန်ခံစေချင်တာ။ သူမက ငါ့လွယ်အိတ်ကို ယူသွားပြီး ရန်ပွဲကို သူမ အရင်စတာပါလို့ အမှန်အတိုင်း ပြောစေချင်တာ။ ဒါပေမယ့် အဲ့ဒီ့လို ပြောထွက်လာအောင် လုပ်ဖို့က မလွယ်လောက်ဘူး’’
‘‘ကျောင်းဆင်းတဲ့ အချိန်တုန်းက တစ်ယောက်ယောက်ကများ Danzကို လွယ်အိတ် တစ်လုံးနဲ့ မြင်လိုက်တယ် ဆိုတဲ့ မျက်မြင်သက်သေ အရင် ရှာရမယ်။ ပြီးရင်တော့ Danz ဝန်ခံလာအောင် ပြောရမှာပေါ့’’
Jenny၏ အပြောကို နှစ်ယောက်သား ခေါင်းညိမ့်လိုက်ကြသည်။ Kristသည် စကားပြောနေသည့် တလျှောက်လုံး ပါးဖောင်းပြီး စူပုတ်နေသည်ကို Jennyသည် သတိထားမိသဖြင့် မည်သည့် အကြောင်းအရာက သူ့ကို ဤသို့ ဖြစ်စေသနည်းကို မေးလိုက်လေသည်။
‘‘ဘာတွေ အလိုမကျ ဖြစ်နေတာလဲ’’
‘‘အဲ့ဒါကလေ... ငါနင့်ဆီမှာ လာနေဖို့ကိုတော့ နင်က အိမ်မှာ ဧည့်သည်တွေ ရှိနေလို့ အဆင်မပြေဘူးလို့ ပြောပြီး Meilikaကိုကျတော့ ညအိပ်ဖို့ အလည်ခေါ်သွားတယ်။ မတရားဘူး’’
![](https://img.wattpad.com/cover/183886574-288-k111722.jpg)
ВЫ ЧИТАЕТЕ
Make Me Yours (KristSingto Fanfiction)
ФанфикFirst KristSingto Fanfiction >>>Main Story>>Unicode>>Zawgyi<<< အချစ်ဆိုတဲ့အရာကလူအမျိုးမျိုးထံသို့မထင်မှတ်ထားတဲ့ပုံစံအမျိုးမျိုးနဲ့ရောက်လာတတ်ပါတယ်။ စိတ်ကူးဖြင့်သာဖန်တီးပုံဖော်ရေးသားထားခြင်းဖြစ်ပါတယ်။ Update ကို စိတ်ရှည် သည်းခံစွာ စောင့်ဆိုင်းနိုင်မှသ...