Chapter-16
Present Hell & Past Flashback
>>>Unicode<<<
အခန်းတစ်ခန်းထဲတွင် မေ့ဆေး အရှိန်ကြောင့် မူးနောက်နေသော ခေါင်းဖြင့် ပြန်လည် နိုးထလာသော လူတစ်ယောက်။ သူနောက်ဆုံး မှတ်မိသည်က သူ၏ အနောက်ကို လိုက်လာသူ လူအုပ်စုကြောင့် မြန်မြန်လျှောက်ရာမှ ထိုသူတို့ မှီသွားသောအခါ မေ့ဆေး ပေးခံလိုက်ရသည် ဆိုသည်ကိုပင်။ ထို့နောက် သူမည်သည့် နေရာသို့ မည်သို့ ခေါ်ဆောင်ခံရသည်ကို သတိမရှိနေပေ။ အခန်းသည် မီးရောင် မှိန်မှိန်လေး ဖွင့်ထားနိုင်သော မီးသီး တစ်လုံးသာလျှင် ရှိနေပြီး ကျန်နေရာများကို မီးရောင် မရောက်သဖြင့် ကောင်းစွာ မမြင်နိုင်ပေ။ သူသည် လှဲနေရာမှ ထလိုက်ကာ ဘေးပတ်ဝန်းကျင်ကို ကောင်းစွာ မမြင်ရသော်လည်း မီးရောင် ရှိသည့် နေရာအထိ အကြမ်းဖျင်း စူးစမ်းကြည့်လေ၏။ အခန်းတွင်းတွင် ထိုင်ခုံ နှစ်လုံးနှင့် စားပွဲခုံ တစ်လုံးလည်း ပါရှိနေကာ ရဲစခန်းမှ စစ်မေးစခန်းနှင့် အလားသဏ္ဌာန် တူနေလေသည်။ မည်သို့ပင် ဆိုစေကာမူ သေချာသည်က ဤနေရာသည် ဥပဒေဘောင် အတွင်းတွင် ရှိသော နေရာ မဟုတ်နိုင်ပေ။
“ငါဘယ်နေရာ ရောက်နေတာလဲ’’
မမြင်နိုင်သည့် နေရာမှ စောင့်ကြည့်နေသူများ ရှိကောင်း ရှိနိုင်လိမ့်မည်ဟူသော အထင်ဖြင့် ထိုမေးခွန်းကို ပြန်ဖြေမည့်သူအတွက် မေးခွန်းမေးလိုက်လေသည်။ ခဏအကြာ စကားသံ ထွက်ပေါ်လာသဖြင့် သူ၏ ထင်မြင်ချက် မှန်ကန်သည်ဟု ဆိုရပေမည်။
“မင်း နောက်ဆုံးတော့ နိုးလာပြီပဲ။ မင်းရောက်နေတဲ့ နေရာက ဘယ်နေရာလဲ ဆိုတာ သိစရာ မလိုပါဘူး။ ငါတို့ မေးတာကိုပဲ ဖြေပေးရင် ရပြီ’’
အသံပိုင်ရှင်သည် လူရိပ်လူယောင် ထွက်မပြဘဲ လေထဲမှ ကြားရသော စကားသံဖြင့်သာ သူနှင့် ဆက်သွယ်မှု ပြုနေလေသည်။
“ငါမေးတာကို မဖြေမချင်း မင်းတို့ မေးတာ ဖြေပေးဖို့ အစီအစဉ် မရှိဘူး’’
‘‘ဒီအချိန်မှာ မင်းခေါင်းမာ နေလို့လည်း ဘာမှ မထူးဘူးလေ။ မဟုတ်ရင် မင်းရဲ့ အရင်းနှီးဆုံး လူတွေ ဒုက္ခရောက်သွားရလိမ့်မယ်’’
![](https://img.wattpad.com/cover/183886574-288-k111722.jpg)
ESTÁS LEYENDO
Make Me Yours (KristSingto Fanfiction)
FanficFirst KristSingto Fanfiction >>>Main Story>>Unicode>>Zawgyi<<< အချစ်ဆိုတဲ့အရာကလူအမျိုးမျိုးထံသို့မထင်မှတ်ထားတဲ့ပုံစံအမျိုးမျိုးနဲ့ရောက်လာတတ်ပါတယ်။ စိတ်ကူးဖြင့်သာဖန်တီးပုံဖော်ရေးသားထားခြင်းဖြစ်ပါတယ်။ Update ကို စိတ်ရှည် သည်းခံစွာ စောင့်ဆိုင်းနိုင်မှသ...