Chapter-35- A Fun Date Part-1

147 20 0
                                    

Chapter-35

A Fun Date Part-1

>>>Unicode<<<

Nong Krist ဖုန်းပြောပြီးသွားသည့်အခါ ညဉ့်တော်တော် နက်နေပြီ ဖြစ်သည့်အတွက် Singtoသည် Kristနှင့်အတူ စောင့်ပေးရင်း ဆေးရုံမှာပဲ ညအိပ်လိုက်လေသည်။ မနက်မိုးလင်းချိန် ရောက်သောအခါမှသာ နှစ်ယောက်သား မည်သည့် နေရာသို့ သွားကြမည်ကို တိုင်ပင်ကြသည်။

‘‘Hmm… ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ အစ်ကို ပြောသလို အိမ်လည်း ပြန်လို့ မဖြစ်သေးဘူးဆိုရင် ကျောင်းတက်ဖို့ကရော’’

‘‘ဒီနေ့ တစ်ရက်တော့ မသွားကြရအောင်။ လုံခြုံမှု ရှိ၊မရှိက မသေချာသေးဘူးလေ။ Nong ထပ်ပြီး ပျောက်သွားရင် ကိုယ်လည်း ဘယ်လို လိုက်ရှာရမလဲ မသိဖြစ်နေမှာ’’

‘‘ဟုတ်ပါပြီ။ P’Sing ပြောတာကို နားထောင်ပါ့မယ်။ ဒါပေမယ့် ကျွန်တော်တို့ ဘယ်မှာ သောင်တင်ကြမလဲ’’

‘‘ဒါကတော့ စဉ်းစားစရာပဲ’’

‘‘P’Sing မှာ ငွေဘယ်လောက်ကျန်သေးလဲ။ ကျွန်တော့်မှာ Baht 700တော့ ရှိသေးတယ်’’

‘‘မနေ့က ကုန်ခဲ့တာတွေကို နှုတ်လိုက်ရင် Baht 6500တော့ ကျန်သေးတယ် ထင်တယ်’’

P’Singto၏ လက်ကျန်ငွေစာရင်းအကြောင်း ကြားပြီးနောက်တွင်တော့ သူ၏ တောက်ပသော ရောင်ဝါများက Kristကို မျက်လုံး ကျိန်းသယောင်တောင် ဖြစ်သွားစေသည်။ သူဌေးသားလေး Singtoကို မေးမိသည်က Krist၏ အမှားဟုတောင် ထင်လာသလိုပင်။

‘‘အရင်ဆုံး ကိုယ်တို့ တည်းဖို့ နေရာ ရှာရအောင်။ အဲ့ဒီ့မှာ ကိုယ်လက်သန့်စင်ပြီးမှ နောက်ထပ် ဘာဆက်လုပ်ရမလဲကို ဆက်စဉ်းစားကြတာပေါ့’’

ဆေးရုံမှ ထွက်ခွာလာပြီးနောက် Taxi တစ်စီး ငှားကာ ကားမောင်းသမားကို နေရာလည်းကောင်းပြီး ဈေးလည်း သက်သာသော ဟိုတယ်သို့ ပို့ခိုင်းလေသည်။ ထိုမြို့ကို သူတို့ နှစ်ယောက်လည်း အကျွမ်းတဝင် မရှိကြသောကြောင့် ကားမောင်းသမားကိုသာ ယုံကြည် အားကိုး လိုက်ကြတော့သည်။ Singtoနှင့် Kristသည် ဖြတ်သန်းလာသမျှ လမ်းများ၊ မြင်ကွင်းများကို ကြည့်ပြီး အံ့ဩမဆုံး ဖြစ်နေလေသည်။ Pattaya ကမ်းခြေတလျှောက် အလည်အပတ် လာသူများ၊ နိုင်ငံခြားသား ခရီးသွား ဧည့်သည်များဖြင့် စည်ကားနေလေ၏။ ကမ်းခြေတွင် ရေဆော့နေသူများကို ကြည့်ပြီးနောက် Kristတွင် ရေကူးလိုသည့် စိတ်များ တဖွားဖွား ပေါ်လာတော့သည်။

Make Me Yours (KristSingto Fanfiction)Where stories live. Discover now