Chapter-17- Friend from Past

527 33 0
                                    

Chapter-17

Friend from Past

>>>Unicode<<<

ဤအိမ်ဟောင်းကို ရောက်နေသည်မှာ တစ်လတာ ကြာမြင့်ခဲ့ပြီ။ Terri တစ်ယောက် အိမ်ကို သေချာ သန့်ရှင်းရေး လုပ်ပြီးသည့် အထိတိုင်အောင် အဖိုးတန်သော ပစ္စည်း တစ်စုံတစ်ရာ မရှိပေ။ ဒီမျိုးဆက် အဆင့်ဆင့် လက်ဆင့်ကမ်းခဲ့သည် ဟူသော ပါးစပ်ပုံပြင်ကို တဖြည်းဖြည်းနှင့် Terri သံသယ ဖြစ်လာလေပြီ။ သူ၏ အခန်းဖော်ကတော့ မနက်ကနေ အပြင်ထွက်သွားလိုက်တာ ညနေမိုးချုပ်မှ ပေါ်လာလေ့ ရှိသည်။ တစ်ညပဲ နေမည့် Boom တစ်ယောက် ညစဉ် ရက်ဆက် ဤအိမ်ဟောင်းတွင် နေနေသည်ကို အပြစ်မမြင်ပေမယ့် သူ့ကိုယ်သူ ဝန်ထုပ်ဝန်ပိုး တစ်ယောက်လို တွေးနေသည့် အချက်ကိုတော့ မတွေးစေလို။ ရတနာ ပစ္စည်းရှာဖွေမှုတွင် တိုးတက်မှုသည် နှေး၏။ အခန်းဖော်ကတော့ သူရှာဖွေရေး လုပ်နေသည်ကို မသိပေ။ အခန်းဖော်၏ မနက်တည်းက ထွက်သွားပြီး ညနေမှ ပြန်ရောက်လာသည့် အစီအစဉ်ကိုတော့ သဘောကျစရာ ကောင်းလှပေသည်။ မဟုတ်လျှင် သူသည် အကြောင်းရင်း အဖြစ်မှန်ကို ပြောပြကာ အကူအညီ တောင်းခံနေရမည် ဖြစ်၏။ သူ့အခန်းဖော်ကို မယုံတာတော့ မဟုတ်ပေမယ့် ဒီကိစ္စသည် လျှို့ဝှက်ထားရမည့် ကိစ္စဖြစ်သောကြောင့်ပင်။

‘‘ရတနာ ပစ္စည်းက လုံးနေလား၊ ပြားနေလား။ ဖြူလား၊ မဲလား မသိတာကို ဘယ်လို ရှာရပါ့မလဲ။ ဒီအိမ်မှာ နေလာတာ တစ်လလောက် ကြာနေပြီ။ အခုထိ ရှာမတွေ့သေးဘူး’’

သူသည် ယခင်က စာကြည့်ခန်း ဖြစ်နိုင်သော အခန်း တစ်ခုတွင် သန့်ရှင်းရေး လုပ်ရင်း ဖြစ်နိုင်ချေ ရှိသည်များကို ရှာဖွေ နေလေ၏။ ထိုစဉ် သူ၏ အခန်းဖော် Boom တံခါးဖွင့် ဝင်လာသံကို ကြားလိုက်ရ၍ ပစ္စည်း ရှာပုံတော်ကို ရပ်လိုက်ရကာ အောက်ထပ်သို့ ဆင်းရန် ပြင်လိုက်သည်။

‘‘ဒီနေ့ရော အလုပ်ရှာတာ အဆင်ပြေရဲ့လား’’

အပေါ်ထပ် လမ်းလျှောက်စ​င်္ကြန်မှ လှမ်းမေးသံကို ကြားလိုက်ရသဖြင့် သတိမထားမိအောင် ခြေသံ တိုးတိုးဖြင့် လျှောက်နေသော ခြေလှမ်းများ ရပ်တန့်သွားရလေသည်။

Make Me Yours (KristSingto Fanfiction)Tempat cerita menjadi hidup. Temukan sekarang