Chapter-49- More Than A Junior

91 11 0
                                    

Chapter-49

More Than A Junior

>>>Unicode<<<

Singto တစ်ယောက် ယနေ့ကို အရောက်ချင်ဆုံး နေ့တစ်နေ့အဖြစ် ပြက္ခဒိန်တွင် အမှတ်အသား ထင်ထင်ရှားရှား ပြထားလေသည်။ ယနေ့ကတော့ဖြင့် သူ၏ လက်တွင် စည်းထားသော ကျောက်ပတ်တီးကို ဖြည်ရတော့မည့်နေ့ ဖြစ်သောကြောင့်ပင်။ မတော်တဆမှု ဖြစ်ပြီးကတည်းက သူ့တွင် ရေ ကောင်းကောင်း မချိုးရသည်က တစ်ကြောင်း၊ ထမင်းစားလျှင်လည်း ဖြည်းညှင်းစွာဖြင့် စားနေရသည်က တစ်ကြောင်း ဖြစ်နေရသည့်အပြင် အိပ်လျှင်လည်း လက်ကို မဖိမိအောင် ဂရုတစိုက် အိပ်နေရသေးသည်။ လက်ကို ဖိပြီး အိပ်လိုက်သည်နှင့် နိုးသွားရတော့ကာ အိပ်ပျက်ညများစွာနှင့် ကြုံတွေ့ခဲ့ရလေသည်။ ထိုသို့ အခက်အခဲမျိုးစုံ ကြုံတွေ့နေရသည့် ရက်များမှ လွတ်မြောက်နိုင်မည့် ရက်ကို ရွေးချယ်ပါဆိုလျှင် မှားနိုင်ဖွယ် မရှိ။ ထိုရက်ကတော့ ယနေ့ပင် ဖြစ်ပေလိမ့်မည်။ 

Back နှင့် အတူတူ အန်တီလေး စီစဉ်ပေးထားသော ဆေးရုံတွင် တစ်ပတ်တစ်ခါလောက် ပုံမှန် စစ်ဆေး ကုသမှု ခံယူပြီး ဆောင်ရန် ရှောင်ရန်များကိုလည်း မပျက်မကွက် လိုက်နာခဲ့လေသည်။ ထို့ကြောင့်လည်း ယခုလို မြန်မြန်ဆန်ဆန် ပတ်တီး ဖြည်ရမည့် ရက်ကို ရောက်လာတာ ဖြစ်ပေလိမ့်မည်။ နာရီနှိုးစက်သံ မကြားရခင်ကတည်းက မျက်လုံး နှစ်လုံးက အလိုလို ပွင့်လာကာ ဆေးရုံသို့ သွားရန် ပြင်ဆင်စရာ ရှိသည်များကို ပြင်ဆင်နေတော့သည်။ ထိုသို့ ပြင်ဆင်နေသည့် အတောအတွင်း Krist ၏ အခန်းတံခါး ပွင့်လာသံကို ကြားလိုက်ရသည်။ မျက်လုံးကို ပွတ်လျက် သမ်းဝေရင်း အိပ်ခန်းထဲက ထွက်လာကာ Singto ၏ အပြင်သို့ သွားရန် အဆင်သင့် ဖြစ်နေပုံကို ကြည့်ပြီး ဇဝေဇဝါ ဖြစ်နေလေသည်။

‘‘P’Sing, အခု ဘယ်သွားမလို့လဲ’’

ဖိနပ်ကြိုးကို ဖြည်းဖြည်းချင်း ချည်နေရင်းနဲ့မှ ဂျူနီယာလေး၏ အမေးကို ပြန်ဖြေလိုက်သည်။ 

‘‘ဒီနေ့က ဆေးရုံကို သွားပြရမယ့်နေ့လေ’’

Krist သည် အိပ်ချင် မပြေသေးသောကြောင့် Singto ပြောသမျှကို သူ၏ ဦးနှောက်က မနည်း လိုက်မီအောင် အလုပ်လုပ်နေရသေးသည်။ စက္ကန့် အနည်းငယ်လောက် အချိန် ယူလိုက်ပြီးကာမှ ဘာကို ဆိုလိုမှန်း သဘောပေါက်သွားရတော့၏။

Make Me Yours (KristSingto Fanfiction)Donde viven las historias. Descúbrelo ahora