Chapter-32- Trouble Comes To Those Who Don't Call

200 25 2
                                    

Chapter-32

Trouble Comes To Those
Who Don't Call

>>>Unicode<<<

‘‘အန်တီလေးက မင်းကိုကျ လိုက်ခိုင်းပြီး ငါ့ကိုကျ မလိုက်ခိုင်းဘူး။ Back ဒါမတရားဘူး’’

‘‘သူမကလည်း ငါ့ကို ခေါ်ဖို့ စိတ်ကူး မရှိပါဘူး။ ငါက မင်းလည်း လိုက်ချင်နေတာ အနည်းဆုံးတော့ ငါလိုက်သွားရင် မင်းလည်း စိတ်အေးရမယ်လို့ ပြောတော့ သူမလည်း လက်မခံချင်ပေမယ့် သဘောတူလိုက်တာလေ’’

Backတိုက်ခန်းသို့ ပြန်ရောက်ပြီး မကြာမီ Singtoကို ဖုန်းဆက်ပြီး မနက်စောစောကို သူဌေးမလေးဆီ လိုက်သွားမယ်ဆိုတဲ့ အကြောင်းကို ဖုန်းမှ တဆင့် ပြောပြလိုက်လေတော့ ချက်ချင်း သူ့တိုက်ခန်း တံခါးကို လာခေါက်ပြီး အကျိုးအကြောင်း လာမေးတော့သည်။ အဝတ်အစားတွေ သိမ်းနေရင်းနှင့် သူ၏ အမေးများကိုလည်း ဖြေရသေး၏။

‘‘အစမ်းစာမေးပွဲကရော ဘယ်လိုလုပ်မလဲ။ အစမ်းစာမေးပွဲမှာ မေးမှာတွေက ပထမနှစ်ဝက် စာမေးပွဲအတွက် အမှတ် ၂၀% ပါတယ်နော်။ လွတ်သွားလို့ မဖြစ်ဘူး။ ရလဒ်ကို မပြောနဲ့။ ဖြေတာနဲ့တင် အမှတ် ၂၀%က သေချာနေပြီ’’

‘‘မလွတ်စေရပါဘူး။ စိတ်ချပါ။ ငါသွားမှာ တစ်ရက်၊ နှစ်ရက်ပါပဲ။ မင်းက ငါ့ကို ပြန်သင်ပေးပေါ့။ ဟုတ်ပြီလား’’

‘‘ငါကတော့ မင်းကို ပေးမသွားချင်ဘူး။ ဒါပေမယ့် မင်းက အန်တီလေးရဲ့ အတော်ဆုံး ကျောင်းသားဆိုတော့လည်း ငါတားလည်း ဘာမှ မထူးပါဘူးလေ။ သူမအတွက် အကူအညီ ဖြစ်မှာပါ’’

‘‘Singto ငါမရှိတုန်း လိမ်လိမ်မာမာ နေနော်။ ပြဿနာကို မီးထွန်းမရှာနဲ့’’

‘‘မသိရင် ငါက ပြဿနာကောင်ကြီးကျနေတာပဲ။ စိတ်ချလက်ချ သွားပါကွာ။ ထူးခြားတာ မှန်သမျှ ငါ့ကို အကြောင်းပြန်ပေါ့။ ဟုတ်ပြီလား’’

‘‘ဟုတ်ပါပြီ။ Khun Singto Krup. ဒါနဲ့ မင်းက ငါ့ဆီ ရောက်နေတော့ Nong Krist မီးဖိုချောင် ဝင်တာကို ဘယ်သူက ကူလုပ်ပေးနေတာလဲ’’

‘‘သူက အဆင်ပြေတယ် ပြောတာနဲ့ ငါလည်း မင်းဆီက ဖုန်းနားထောင်ပြီးပြီးချင်း ထွက်လာတာပဲ’’

Make Me Yours (KristSingto Fanfiction)Where stories live. Discover now