Chapter-34.5
Some Of The Past Stuff Are Revealed
>>>Unicode<<<
သူ နိုးလာသည့်အချိန်တွင် ပထမဆုံး သတိထားမိသည်မှာတော့ နူးညံ့သည့် မွေ့ယာကိုပင်။ သူသည် ဒီလောက်ထိ ကောင်းသည့် အိပ်ရာမျိုးနှင့် မအိပ်ရသည်မှာ အချိန်ကြာမြင့်ခဲ့ပြီ ဖြစ်သောကြောင့် ထိုအိပ်ရာပေါ်မှ ထချင်စိတ် မရှိပေ။ နောက်ထပ် သတိထားမိသည်ကတော့ ဤအခြေအနေကိုက ထူးဆန်းနေသည်ပင်။ သူသည် မျက်နှာဖုံးစွပ်လူများ ဖမ်းထားခြင်း ခံရသောကြောင့် အမြဲတမ်း စားပွဲပေါ်တွင် အိပ်လျှင်အိပ်၊ မအိပ်လျှင် အောက်ကြမ်းပြင်တွင် အိပ်ရသည် ဖြစ်သောကြောင့် ယခုလို မွေ့ရာ အကောင်းစားပေါ်တွင် အိပ်နေရသည်ကိုက ထူးဆန်းဖွယ် ဖြစ်ရပ်ပင်။
ထိုသူသည် မျက်လုံးဖွင့်လာပြီးနောက် ဘေးပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်ရင်း သူ့ကို စောင့်ကြည့်နေသည့် မျက်လုံး နှစ်စုံကို သတိထားမိသည့်အခါ မေးလိုက်သည်ကတော့
''ကျွန်တော် နတ်ပြည် ရောက်နေတာလား။ တိုက်ခိုက်ခံရပြီး အငွေ့တွေ အများကြီးကို ရှူလိုက်ရတာတော့ မှတ်မိတယ်။ ကျွန်တော် သေသွားပြီ မဟုတ်လား။ ကျွန်တော့်မှာ နောင်တတွေ အများကြီး ရှိသေးတယ်။ ကျွန်တော့် ဇနီးနဲ့ သားကိုတောင် နှုတ်ဆက် စကားမပြောလိုက်ရဘဲ အခုလို ရုတ်တရက်ကြီး ခွဲခွာရတော့မှာလား။ သူတို့တွေကို အဖြစ်မှန်လည်း မပြောလိုက်ရသေးဘူး။ ကျွန်တော့် ဘဝ ဒီလို အဆုံးသတ်ရမယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိပါဘူးဗျာ''
Backသည် ထိုသူ၏ တစ်ကိုယ်တည်း ရူးကြောင်ကြောင် ရေရွတ် ပြောဆိုသော စကားများကို စိတ်မရှည် ဖြစ်လာရလေ၏။
''ဒီမှာ ခင်ဗျား အခု ရောက်နေတာ နတ်ပြည်လည်း မဟုတ်ဘူး။ လူ့ပြည်မှာပဲ ရှိသေးတယ်။ ကျွန်တော်တို့က ခင်ဗျားကို ကယ်လာတာ''
''ကျွန်တော့်ကို ကယ်လာတာ ဟုတ်လား။ ခင်ဗျားတို့နဲ့ ကျွန်တော်တို့ ဘာရေစက်မှ မရှိဘဲ ကျွန်တော့်ကို ဘာလို့ ကယ်လာတာလဲ။ ကျွန်တော့် မှတ်ဉာဏ်ထဲမှာ ခင်ဗျားတို့နဲ့ သိကျွမ်းဖူးတဲ့ အရိပ်အယောင် တစ်ခုတောင် စဉ်းစားလို့ မရပါဘူး''
![](https://img.wattpad.com/cover/183886574-288-k111722.jpg)
YOU ARE READING
Make Me Yours (KristSingto Fanfiction)
FanfictionFirst KristSingto Fanfiction >>>Main Story>>Unicode>>Zawgyi<<< အချစ်ဆိုတဲ့အရာကလူအမျိုးမျိုးထံသို့မထင်မှတ်ထားတဲ့ပုံစံအမျိုးမျိုးနဲ့ရောက်လာတတ်ပါတယ်။ စိတ်ကူးဖြင့်သာဖန်တီးပုံဖော်ရေးသားထားခြင်းဖြစ်ပါတယ်။ Update ကို စိတ်ရှည် သည်းခံစွာ စောင့်ဆိုင်းနိုင်မှသ...