Chapter-50- The Distance

89 11 1
                                    

Chapter-50

The Distance

>>>Unicode<<<

Singto အခန်းထဲမှ ထွက်လာသည့်အခါ၌ ထုံးစံအတိုင်း မနက်စာ ပြင်ဆင်နေသော Krist ကို မြင်လိုက်ရသည်။ သူ့ကို ကြည့်ရသည်မှာ ငိုထား၍ ဖောင်းအစ်နေသည့် မျက်လုံးတစ်စုံ ရှိနေသည်က လွဲလျှင် ကျန်သောအရာများမှာ ပုံမှန်အတိုင်း မပြောင်းလဲပေ။

''Kit...''

''P'Sing, နိုးလာပြီလား''

ပုံမှန်အတိုင်း ကျွန်တော့်ကို အပြုံးဖြင့် နှုတ်ဆက်နေသေးသည်ကို ကြည့်ပြီး စိတ်ထဲမှ တော်သေးသည်ဟု တွေးကာ သက်ပြင်းခိုးချလိုက်မိသည်။ အခြေအနေက အဆိုးရွားဆုံး အဆင့်အထိတော့ မဖြစ်နေခဲ့။

''အင်း။ Nong လည်း အစောကြီး နိုးနေတာပဲ''

''ကျွန်တော်က ဒီနေ့ သန့်ရှင်းရေး ဂျူတီ ရှိလို့ စောစောသွားရမယ်။ အဲ့ဒါကြောင့် မနက်စာကို စောစော ထပြီး ပြင်ထားတာလေ''

''ဟုတ်လား။ ဒါဆို Nong ဘယ်လို သွားမှာလဲ''

''ဒီကနေ လမ်းလျှောက်ပြီးပဲ သွားတော့မယ်''

''ဒါဆို ကိုယ်ပြင်ဆင်ပြီးတာကို ခဏစောင့်လိုက်ပါလား။ ကိုယ့်လက်က ကျောက်ပတ်တီးလည်း ဖြည်ပြီးပြီ ဆိုတော့ စက်ဘီးပြန်စီးလို့ ရမှာ သေချာတယ်။ ကိုယ် စက်ဘီးနဲ့ လိုက်ပို့ပေးမယ်လေ''

Krist ကို လိုက်ပို့ပေးချင်ဇောဖြင့်သာ အမြန် ပြောလိုက်ပေမယ့် Singto တစ်ယောက် သူ၏ ညာဘက်လက် အခြေအနေက စက်ဘီးလက်တန်းကို မြဲမြံစွာ ကိုင်နိုင်ပါ့မလားတောင် မသိပေ။ ထို့အတွက် စမ်းသပ်မှုကို မပြုလုပ်ကြည့်ရသေးပေ။ Krist က ပြောလာသည်။

''ရပါတယ်။ ကျွန်တော် လမ်းလျှောက်ပြီးပဲ သွားလိုက်ပါ့မယ်။ အစ်ကို့ကို ဒုက္ခမပေးချင်တော့ပါဘူး''

Krist သည် Singto ၏ အကူအညီကို တတ်နိုင်သမျှ မယူဘဲ နေမည်ဟု ဆုံးဖြတ်ထားသောကြောင့် ယခုလို ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။ Singto ကတော့ Krist ကို ကြည့်ပြီး နှလုံးသား၏ တစ်စိတ်တစ်ဒေသမှ အောင့်တက်လာသလို ခံစားရသည်။ သူတို့ နှစ်ယောက်ကြားတွင် ဘာမျှ မပြောင်းလဲသယောင် ထင်မြင်ရပေမယ့် တကယ်တမ်းမှာတော့ ယခင်လို မဟုတ်မှန်း တစ်ယောက်နှင့် တစ်ယောက် သိထားနှင့်ပြီးသားပါ။

Make Me Yours (KristSingto Fanfiction)Où les histoires vivent. Découvrez maintenant