Chapter-9
Past Memories Part-2
>>>Unicode<<<
ကျွန်တော်တို့ရဲ့ သေနတ်တွေ အကုန် သိမ်းခံလိုက်ရပြီး သူတို့ ခေါ်ဆောင်ရာ နေရာသို့ လိုက်လာခဲ့ရသည်။ အန်တီလေးလည်း သူတို့ကြောင့် အန္တရာယ် ကြုံနေလောက်ပြီလို့ ခန့်မှန်းပြီး ပထမဆုံး ကျွန်တော်တို့ နှစ်ယောက်လည်း ထိုသူတွေနောက်ကို အရင် လိုက်လာလိုက်မည်။ ဒုတိယအနေနှင့် သူမ ထိခိုက် ဒဏ်ရာရတာ မရှိဘူးဆိုတာ သေချာမှ ကျွန်တော်တို့လည်း ဒီကနေ ထွက်ပြေးမည်ဟု ဆုံးဖြတ်လိုက်သည်။သူတို့ ခေါ်လာသည့် နေရာမှာ ကျွန်တော်တို့ အနားယူရန် ငှားထားသော သစ်လုံးအိမ်လေးနှင့် အနည်းငယ် ကွာဝေးသည့် လိုဏ်ဂူ တစ်ခုပင် ဖြစ်သည်။ ထိုလိုဏ်ဂူတွင် လူနှစ်ယောက် စုဝေး နေကြပြီး ထိုလူလေးယောက်၏ အလယ်တွင် သတိလစ်နေသော အမျိုးသမီး တစ်ဦး ရှိနေလေသည်။ သေချာသည်က ထိုအမျိုးသမီးသည် အန်တီလေး မဟုတ်ပေ။ ကျွန်တော်တို့ ထိုအမျိုးသမီးကို ကြည့်နေသည်ကို သတိထားမိသည့် မျက်နှာဖုံး အုပ်ထားသည့် လူမှ ကျွန်တော်တို့ကို ပြောလေသည်။
"ဒီတည်းခိုခန်း ပိုင်ရှင် အမျိုးသမီးက တကယ် ခေါင်းကြောမာတယ်။ Verenda ရှိတဲ့နေရာကို ပြောပြပါ ဆိုတာကို မပြောဖူးပဲ ငြင်းနေတယ်။ အဲ့ဒီ့တော့လည်း သူပြောထွက်လာအောင် လုပ်မလို့ ပြင်ဆင်ထားရတာပေါ့"
"သူ့ကို ဘာလုပ်မလို့လဲ"
မနေနိုင် မထိုင်နိုင် ဖြစ်နေသူ Backက အရဲစွန့်ပြီး မေးလိုက်လေသည်။ ထိုသူမှလည်း သူ့အမေးကို ပြန်ဖြေလေသည်။
"သူ့ကို ထိခိုက်အောင် ဘာမှ မလုပ်ပါဘူး။ စိတ်ကို လျှော့ပြီး မေးလာသမျှ မေးခွန်းကို ဖြေနိုင်အောင် လုပ်ပေးရုံလေးပါ"
ထိုသူက ပြောနေရင်း အလယ်တွင် သတိလစ် မေ့မျောနေသော အမျိုးသမီးကို ထရန် အမိန့်ပေးလိုက်လေသည်။
"ထတော့၊ ဘယ်အချိန်ထိ အိပ်ချင်ယောင်ဆောင်နေမှာလဲ"
သူထိုသို့ ပြောလိုက်သည်နှင့် တပြိုင်နက် ထိုအမျိုးသမီးက လှဲနေရာမှ ထလာပြီး သူပေးသမျှ အမိန့်တိုင်းကို နာခံရန် အသင့်ဖြစ်နေလေသည်။
![](https://img.wattpad.com/cover/183886574-288-k111722.jpg)
YOU ARE READING
Make Me Yours (KristSingto Fanfiction)
FanfictionFirst KristSingto Fanfiction >>>Main Story>>Unicode>>Zawgyi<<< အချစ်ဆိုတဲ့အရာကလူအမျိုးမျိုးထံသို့မထင်မှတ်ထားတဲ့ပုံစံအမျိုးမျိုးနဲ့ရောက်လာတတ်ပါတယ်။ စိတ်ကူးဖြင့်သာဖန်တီးပုံဖော်ရေးသားထားခြင်းဖြစ်ပါတယ်။ Update ကို စိတ်ရှည် သည်းခံစွာ စောင့်ဆိုင်းနိုင်မှသ...