>>>Unicode<<<
‘‘ရော့... ဒီမှာ..’’
အထပ်လိုက်ရှိသည့် စာရွက်ပုံကြီးကို Krist ၏ စားပွဲပေါ်တွင် တင်လိုက်သူကတော့ မနက်ပိုင်းကမှ သူတို့နှင့် ပူပူနွေးနွေး ရန်ဖြစ်ထားသည့် ပြဿနာအိုး ကောင်မလေး Danz Panpanya ပင် ဖြစ်သည်။ နားမလည်သည့် မျက်လုံးများနှင့် မော့ကြည့်ရင်း သူမကို အကြောင်းရင်း မေးလိုက်လေသည်။
‘‘ဒီစာရွက်ပုံကြီးကို ငါက ဘာလုပ်ရမှာလဲ’’
‘‘မနက်က ဆရာမ ပြောသွားတာ မကြားလိုက်ဘူးလား။ ဒါတွေကို ကျောင်းဆင်းရင် ရုံးခန်းထဲ လာပို့လို့ ပြောလိုက်တယ်လေ’’
ဒီကောင်မလေးက တကယ်ကို ရန်ဖြစ်ချင်နေတာပဲ။
‘‘အဲ့ဒီ့တော့...’’
Krist က သူမ၏ ဆိုလိုရင်းကို သိနေသည့်တိုင် ဘုကလန့် ပြန်မေးလိုက်လေသည်။
‘‘ဒါတွေကို နင် သွားပို့လိုက်လေ’’
‘‘ငါက… ဟုတ်လား။ ဆရာမ သွားပို့ခိုင်းတာက အတန်းခေါင်းဆောင် လုပ်နေတဲ့ နင့်ကိုလေ။ ငါ့ကို လာပို့ခိုင်းတာမှ မဟုတ်ဘဲ’’
ကိုယ့်ကိုယ်ကိုယ် လက်ညှိးလေးထိုးရင်း မကျေနပ်ချက်ကြောင့် တစ်ဖက်သတ် အလုပ်ခိုင်းနေသည့် Danz ကို အကြောင်းပြချက် ပေးလိုက်လေသည်။ ပထမနေ့မှာတင် အတန်း ကိုယ်စားပြု ခေါင်းဆောင်များကို ရွေးချယ်လေတော့ မိန်းကလေးဘက်မှ မည်သူ့ တွန်းအားပေးမှုမျှ မပါဝင်ဘဲ ကိုယ်ပိုင် ဆန္ဒအလျောက် မတ်တပ်ထရပ်သည့်သူက Danz Panpanya တစ်ဦးတည်းပင်။ ကျန်သော မိန်းကလေးများက အလုပ်ရှုပ်မခံနိုင်သူများ ဖြစ်သဖြင့် သူမကို အထွေအထူး ကန့်ကွက်မည့်သူလည်း မရှိပေ။
ယောက်ျားလေးဘက်မှ အတန်းခေါင်းဆောင် လုပ်မည့်သူ မရှိသဖြင့် ရှေ့ဆုံးခုံတွင် ထိုင်နေသည့် မျက်မှန်နှင့် ကောင်လေး တစ်ယောက် Gun Atthaphan ကိုပဲ အလွယ်တကူ ရွေးလိုက်လေသည်။ ထိုကောင်လေးခမျာ မလုပ်ချင်ဘူးဟု အသည်းအသန် ငြင်းနေတာတောင်မှ ကျန်သည့် အတန်းဖော်များက ထိုကောင်လေးကိုပဲ တခဲနက် အားပေး ထောက်ခံကြလေတော့ သူ့ခမျာ လက်မခံချင်ဘဲ လက်ခံလိုက်ရလေတော့သည်။
![](https://img.wattpad.com/cover/183886574-288-k111722.jpg)
KAMU SEDANG MEMBACA
Make Me Yours (KristSingto Fanfiction)
Fiksi PenggemarFirst KristSingto Fanfiction >>>Main Story>>Unicode>>Zawgyi<<< အချစ်ဆိုတဲ့အရာကလူအမျိုးမျိုးထံသို့မထင်မှတ်ထားတဲ့ပုံစံအမျိုးမျိုးနဲ့ရောက်လာတတ်ပါတယ်။ စိတ်ကူးဖြင့်သာဖန်တီးပုံဖော်ရေးသားထားခြင်းဖြစ်ပါတယ်။ Update ကို စိတ်ရှည် သည်းခံစွာ စောင့်ဆိုင်းနိုင်မှသ...