Chapter-27- Stranger in the House

221 20 0
                                    

Chapter-27

Stranger in the House

>>>Unicode<<<

‘‘P’Jenny သူ...သူမက ဘယ်သူလဲ’’

Snowဟု အမည် ရှိသည့် Jenny၏ အမေဘက်မှ အစ်မ၏ သမီး ဖြစ်သူ၊ Jennyနှင့် တစ်ဝမ်းကွဲ တော်စပ်သည့် ညီမလေးသည် ကုတင်ပေါ်တွင် လှဲနေသော အမျိုးသမီးငယ်လေးကို မည်သူမည်ဝါ ဖြစ်ကြောင်း Jennyကို မေးခွန်းထုတ်နေလေသည်။

‘‘မ.. မဟုတ်မှလွဲရော P’Jennyနဲ့ ဒီအစ်မနဲ့က...’’

‘‘Snow နင် ဘာတွေ လျှောက်တွေးနေတာလဲ။ ငါနင့်ကို ရေဇလုံထဲ ရေအပြည့်ဖြည့်ခိုင်းထားတာ သွားမယူလာသေးဘူးလား’’

‘‘ညီ..ညီမ မေးတာကို မဖြေသရွေ့ မ..မလုပ်ပေးနိုင်ဘူး’’

Snowသည် Jenny ပြောသမျှကို မေးခွန်းထုတ်လေ့ ရှိသော်ငြားလည်း ပြန်ခံပြောလေ့တော့ မရှိပေ။ သူမသည် Jenny စိတ်ဆိုးသွားမည်ကို ကြောက်သော်ငြားလည်း သူမ သိချင်သည်ကို မသိရဘဲနဲ့တော့ မလုပ်ပေးနိုင်ပေ။ Jennyသည်လည်း သူ၏ တဝမ်းကွဲ ညီမလေး၏ စိတ်အားထက်သန်မှုကို မလွန်ဆန်နိုင်တော့ပဲ သူမ၏ အမေးကို လိုရင်းတိုရှင်း ဖြေပေးလိုက်သည်။

‘‘Snow ဒီအစ်မက P’Jennyရဲ့ အတန်းထဲက သူငယ်ချင်း Meilikaတဲ့။ အပေါက်ဆိုး ရုပ်ဆိုးပေမယ့် စိတ်သဘောထား ကောင်းပါတယ်။ P’Jennyရဲ့ ဒီနားက အမှိုက်နံ့ထွက်နေတဲ့ လွယ်အိတ်ကို မြင်တယ် မလား။ အဲ့ဒါကို ဒီအစ်မက ပြန်ရှာလာပေးတာ’’

‘‘အဲ့ဒါကြောင့် P’Jennyတို့ ပုံစံက ဒီ.. ဒီလို ဖြစ်နေတာကိုး။ ဒါပေမယ့် ဒီအစ်မကို ဘာ့ကြောင့် အိမ်ခေါ်လာရတာလဲ။ ညီမရဲ့ မုန့်ဖိုးထဲက ပိုက်ဆံကိုလည်း တက္ကစီ(Taxi)ခ ပေးလိုက်ရသေးတယ်’’

‘‘P’လည်း သူမ ဘာကြောင့် ဒီလို ဖြစ်နေရလဲ မသိဘူး။ သူမ အိမ်လည်း မသိတော့ ပြန်ပို့ပေးလို့ကမရ။ P’Jennyရဲ့ ဖုန်းကလည်း အားကုန်နေပြီ ဆိုတော့ ဖွင့်မရဘူးလေ။ လက်ထဲ ရှိတဲ့ ပိုက်ဆံကလည်း တက္ကစီ(Taxi)ခ ပေးဖို့ မလောက်တာနဲ့။ စိတ်မပူပါနဲ့ Snow။ အစ်ကို တစ်ပြားမကျန် ပြန်ပေးပါမယ်။ အခုတော့ ရှင်းသွားပြီ မလား။ P’Jenny ခိုင်းတာ သွားလုပ်ပေးလို့ ရပြီ ထင်တယ်နော်’’

Make Me Yours (KristSingto Fanfiction)Where stories live. Discover now