Chapter-55
CROSSROADS Part-1
>>>Unicode<<<
Jenny တစ်ယောက် ကျောင်းလွယ်အိတ်ကို သိုင်းလွယ်လျက် ထုံးစံအတိုင်း ကျောင်းဂိတ်ပေါက်၌ Krist ရောက်လာမည်ကို စောင့်ဆိုင်းနေလေ၏။ ဖုန်းကို ထုတ်ကာ သူ ရောက်နေပြီ ဖြစ်ကြောင်း Krist ကို စာပို့လိုက်ပြီးနောက် လွယ်အိတ်ထဲသို့ ပြန်သိမ်းလိုက်လေ၏။ သူ ရောက်နေချိန်က ပုံမှန် စောင့်နေချိန်ကဲ့သို့ပင်။ စောလည်း မစောသလို နောက်လည်း နောက်မကျပေ။ သို့သော် Krist ကို ယခုထက်ထိ သူ မမြင်မိသေး။
‘‘ဘာလို့များ နောက်ကျနေတာပါလိမ့်။ မနေ့က စာမေးပွဲတွေ ပြီးသွားပြီ ဆိုတော့ ပင်ပန်းပြီး အိပ်ပျော်နေတာကြောင့်များလား’’
First Semester စာမေးပွဲများ ပြီးဆုံးသွားသည်နှင့် အားလုံး စောင့်မျှော်နေကြသည့် Semester Break ဟု အမည်ရသည့် ကျောင်းပိတ်ရက်ရှည်များ ရောက်ရှိလာတော့မည် ဖြစ်လေသည်။ သို့သော် ပိတ်ရက်ရှည်များ မရောက်မီ ယနေ့ တစ်ရက်တော့ ကျောင်းတက်ရဦးမည် ဖြစ်လေရာ မည်သူမျှ တက်ကြွ မနေခဲ့။
‘‘ငါ မနက်က သူ့ကို ဖုန်းဆက်ပြီး နှိုးခဲ့သင့်တယ်။ အမြဲတမ်း လုပ်နေကျ အလုပ်ကို ဘာလို့များ မေ့သွားတာပါလိမ့်’’
လွယ်အိတ်ထဲရှိ ဖုန်းကို တဖန် စမ်းလိုက်ပြီး ဖုန်းဆက်ရန် ကြံစည်မည်အလုပ်၌ ရုတ်တရက် ဝင်လာသော အတွေးလှိုင်းလေးကြောင့် စိတ်ကူး ပြောင်းသွားလေ၏။
‘‘သူနဲ့ P’Singto, P’Back တို့ အတူ ရှိနေတာပဲလေ။ အဆင်ပြေလောက်မှာပါ။ သုံးယောက်လုံးတော့ အိပ်ရာထ နောက်မကျလောက်ဘူး မဟုတ်လား’’
တစ်ချိန်တည်းမှာပင် Singto နှင့် Krist တို့ စုပေါင်း နေကြသည့် တိုက်ခန်းလေးတွင်တော့ မနက်တိုင်း ပုံမှန် တိတ်ဆိတ်မှုနှင့် မတူညီဘဲ ထူးခြားလို့နေလေ၏။ အကြောင်းရင်းကတော့ အိပ်ရာထ နောက်ကျသွားသဖြင့် ယောက်ယက်ခတ်နေကြသော လူနှစ်ယောက်ကြောင့်ပင်။
‘‘ကျွန်တော်က အိပ်ရာထ နောက်ကျတာ ထားပါတော့။ P’Sing က ကျွန်တော့်ထက် အရင် နိုးလေ့ ရှိတာ မဟုတ်ဘူးလား။ ဘာလို့ ဒီနေ့ကျမှ မနိုးရတာလဲ’’
![](https://img.wattpad.com/cover/183886574-288-k111722.jpg)
KAMU SEDANG MEMBACA
Make Me Yours (KristSingto Fanfiction)
Fiksi PenggemarFirst KristSingto Fanfiction >>>Main Story>>Unicode>>Zawgyi<<< အချစ်ဆိုတဲ့အရာကလူအမျိုးမျိုးထံသို့မထင်မှတ်ထားတဲ့ပုံစံအမျိုးမျိုးနဲ့ရောက်လာတတ်ပါတယ်။ စိတ်ကူးဖြင့်သာဖန်တီးပုံဖော်ရေးသားထားခြင်းဖြစ်ပါတယ်။ Update ကို စိတ်ရှည် သည်းခံစွာ စောင့်ဆိုင်းနိုင်မှသ...