Chapter-38
A Shoulder To Cry On
>>>Unicode<<<
‘‘P’Singtoရဲ့ အန်တီလေးက တကယ်ကို ချောတာပဲ’’
‘‘လူတိုင်း ပြောကြပါတယ်။ သူမက ချောတယ်။ ဆွဲဆောင်မှု အပြည့် ရှိတယ်လို့’’
‘‘Phi ရဲ့ အန်တီလေးတောင် ဒီလောက် ချောရင် ကျန်တဲ့ မိသားစုဝင်တွေလည်း တော်တော်ချောမှာပဲနော်’’
‘‘ဒါပေါ့။ ဥပမာ ကိုယ့်ကို ကြည့်ပါလား’’
Kristသည် နှုတ်ခွန်းစွန်း အနည်းငယ် တွန့်ကွေးသွားသောကြောင့် Singtoသည် မယုံသင်္ကာဖြင့် မေးလိုက်လေသည်။
‘‘ကိုယ်ပြောတာကို မယုံတာလား။ ဒါမှမဟုတ် ဝန်ခံဖို့ရာ ခက်နေတာလား’’
‘‘ဘယ်သူသိမလဲ။ နှစ်ခုလုံးလည်း ဖြစ်ရင် ဖြစ်နိုင်တာပဲလေ။ ဒါနဲ့ P’Singကို ကျွန်တော် တစ်ခုလောက် မေးလို့ ရမလား’’
‘‘အင်း။ မေးလေ’’
‘‘ဘာလို့ Phiရဲ့ အန်တီလေးက ဒီမှာ လာမနေတာလဲ။ Phi တို့ လူငယ် နှစ်ယောက်တည်းကို လွှတ်ထားတာ အန္တရာယ် မများလွန်းဘူးလား’’
Kristသည် သူ၏ ဖခင်နှင့် Singto၏ မိသားစုဝင်တို့ ထွက်ခွာသွားပြီးသည့်နောက်တွင် စိတ်ထဲတွင် အလိုမကျ ဖြစ်နေသဖြင့် မေးလိုက်လေသည်။ သူ၏ ဖခင် မထွက်ခွာမီ မိခင် အလုပ်လုပ်ရာ လိပ်စာကို တောင်းသွားပြီး လိုက်သွားမည်ဟု ပြောလေသည်။ P’Sing၏ အန်တီလေးကတော့ ချင်းမိုင်ကို သွားသည့်လမ်းတွင် လမ်းကြုံသဖြင့် တင်ခေါ်သွားရင်း သူ၏ အဖေကို လမ်းခုလတ်တွင် ချပေးမည် ဖြစ်ကြောင်း ပြောခဲ့လေသည်။
‘‘ဒါက... အန်တီလေးက နေရာစုံမှာ မေမေနဲ့ ဦးလေးရဲ့ သတင်းကို စုံစမ်းနေတာဆိုတော့ နေရာအတည်တကျ နေဖို့က မဖြစ်နိုင်ဘူးလေ။ အဲ့ဒါကြောင့် ဒီမှာ လာမနေဖြစ်တာ’’
‘‘ဪ.. ဒီလိုလား။ P’Singရဲ့ အမေပဲ ပျောက်နေတယ် ထင်ခဲ့တာ ဦးလေးဖြစ်သူပါ ပျောက်နေတယ်ဆိုတာ ကျွန်တော် မသိခဲ့ဘူး’’
‘‘ကိုယ် မပြောမိဘူးလား’’
‘‘Phiက ကျွန်တော့်ကိုဆို ဘာမှ မပြောသလောက်ပဲလေ။ P’Sing အမေ ပျောက်နေတဲ့ အကြောင်းတောင် P’Backက Jennyကို ပြောပြလို့သာ ကျွန်တော်က Jennyဆီကတဆင့် ကြားခဲ့ရတာ။ ကျွန်တော်တို့ နှစ်ယောက် ဒီလောက် ရင်းနှီးလာတာ ကြာတာတောင် ကျွန်တော့်ကိုဆို Phiက လျှို့ဝှက်ချက်တွေ များနေတုန်းပဲ’’
![](https://img.wattpad.com/cover/183886574-288-k111722.jpg)
ŞİMDİ OKUDUĞUN
Make Me Yours (KristSingto Fanfiction)
Hayran KurguFirst KristSingto Fanfiction >>>Main Story>>Unicode>>Zawgyi<<< အချစ်ဆိုတဲ့အရာကလူအမျိုးမျိုးထံသို့မထင်မှတ်ထားတဲ့ပုံစံအမျိုးမျိုးနဲ့ရောက်လာတတ်ပါတယ်။ စိတ်ကူးဖြင့်သာဖန်တီးပုံဖော်ရေးသားထားခြင်းဖြစ်ပါတယ်။ Update ကို စိတ်ရှည် သည်းခံစွာ စောင့်ဆိုင်းနိုင်မှသ...