Chapter-4- Coffee Debt or Coffee Date

1.1K 100 9
                                    

>>>Unicode<<<

လူခြေတိတ်သည့် ညသန်းခေါင်ယံ အချိန်၌ Krist ၏ ဖခင် Boom Sangpotirat သည် မိသားစုဝင်တွေ အိပ်မောကျနေခိုက် ထွက်ခွာရန် အသံတိတ် ပြင်ဆင်နေလေ၏။ အိမ်မှ မထွက်ခင် ဇနီးဖြစ်သူကို နှုတ်ဆက်ပြီးသည်နှင့် တပြိုင်နက် သားဖြစ်သူ Krist ၏ အခန်းထဲသို့ နှုတ်ဆက်ရန် သွားလေသည်။ Krist ကတော့ အိပ်မောကျနေသဖြင့် အခန်းထဲသို့ လူတစ်ယောက်လုံး ဝင်လာသည်ကို သတိမထားမိပေ။

‘‘Kit, သားတောင် တော်တော်လေး အရွယ်ရောက်လာပြီပဲ။ အဖေ သားဘေးနားမှာ အချိန်ပြည့် ရှိမနေပေးနိုင်လို့ တောင်းပန်ပါတယ်ကွာ။ အဖေ မကောင်းလို့ သူများ ထောင်ချောက်မှာ မိခဲ့ရတာ။ အဖေ့ကြောင့်နဲ့ မင်းတို့ သားအမိလည်း အတော်လေး ဒုက္ခများခဲ့ရပြီ’’

နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည့် Krist ၏ နဖူးပြင်ပေါ်မှ ဖရိုဖရဲ ဆံနွယ်မျှင်လေးကို ဖယ်ရှားပေးလိုက်ရင်း လည်ပင်းမှ ဆွဲကြိုးလေးကို အကြည့်ပို့လိုက်မိသည်။ ထိုဆွဲကြိုးလေးက အစောပိုင်းကမှ သူတို့ နှစ်ဦးကို ဆင်တူဆွဲကြိုးအဖြစ် လက်ဆောင် ပေးထားသည့် ဆွဲကြိုးလေးပင်။

‘‘ဒီဆွဲကြိုးလေးကို သေချာ စောင့်ရှောက်ထားပါ။ သူများက ယုံယုံကြည်ကြည်နဲ့ အဖေ့ဆီမှာ အပ်ခဲ့တာဆိုတော့ အဖေ့ ကိုယ်ကျိုးအတွက် သူများရဲ့ ယုံကြည်မှုကို အလွဲသုံးစား မလုပ်ချင်ဘူး။ ဒါလေးကို ပိုင်ရှင်မှန် ပြန်မတွေ့သေးခင်အထိ သေချာ စောင့်ရှောက်ထားပေးပါ။ အမေ့ကိုလည်း ဂရုစိုက်နော်’’

Krist ၏ နဖူးပြင်ကို နှုတ်ဆက်သည့်အနေနှင့် နှုတ်ခမ်းလွှာနှင့် ဖိကပ်၍ နမ်းလိုက်လေ၏။ ဒီတစ်ကြိမ် ခွဲခွာပြီးလျှင် မည်သည့်အချိန်မှ သူတို့ ပြန်ဆုံတွေ့ရမည်မှန်း မသိနိုင်။ မိသားစုကို မြင်တွေ့နေရသည့် အချိန်တိုင်း၊ စက္ကန့်တိုင်းက တန်ဖိုး ရှိလှပေသည်။ 

အောက်ဆုံးထပ်သို့ ရောက်သည်နှင့် အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားပြီး ကားအဖြူနားတွင် ရစ်သီရစ်သီ လုပ်နေကြသော လူအချို့ကို တွေ့လိုက်ရသည်။ ထိုလူများက သာမန်လူ မဖြစ်နိုင်လောက်မှန်း ရိပ်မိသည်နှင့် အခြေအနေ မဟန်မှန်း သိလိုက်လေရာ ချက်ချင်းပင် ထိုသူတို့နှင့် ဝေးရာသို့ ထွက်ပြေးလိုက်လေ၏။ ထိုလူများကလည်း အနောက်မှ ထက်ကြပ်မကွာ လိုက်လာကြလေရာ ထိုလူတို့ကို မျက်ခြေဖြတ်ရန် ခက်ခဲနေလေသည်။ မည်သူမည်ဝါ ဖြစ်မှန်း မသိသည့်တိုင် ယခုလုပ်ရမည်က တစ်ခုတည်းသာ။ ထိုလူများကို မျက်ခြေဖြတ်နိုင်ရန်ပင်။ 

Make Me Yours (KristSingto Fanfiction)Where stories live. Discover now