Chapter-40- *CHU*

230 21 1
                                    

Chapter-40

*CHU*

>>>Unicode<<<

သီချင်းလေး ညည်းရင်း ခြင်းထဲသို့ ဝယ်စရာ ရှိတာတွေ ထည့်နေသော Kristကို ကြည့်ပြီး Singto ပြုံးလိုက်လေသည်။

‘‘Kit ဒီနေ့တော့ စိတ်ပျော်နေပုံ ရတယ်။ ဘာများ ဖြစ်ထားလို့လဲ’’

‘‘P’Sing မှန်းကြည့်ပါလား’’

‘‘အင်း။ ရေကူး Clubထဲ ဝင်ခွင့်အောင်သွားလို့လား’’

‘‘ကျွန်တော်က ဒါကို အောင်မယ်ဆိုတာ သိပြီးသား။ အဲ့ဒါကြောင့် စိတ်မပူဘူး။ နောက်တစ်ခု မှန်းကြည့်’’

Singto သည် ခေါင်းကို ဘယ်ညာ ညိမ်းပြီး စဉ်းစားနေသည်ကို ကြည့်ပြီး Krist တစ်ယောက် စိတ်မရှည် ဖြစ်လာရသည်။

‘‘Phi ကလည်း ဒါလေးတောင် မရိပ်မိနိုင်ဘူး။ Jennyက ကျွန်တော့် ကိုယ်စား Danzကို ပညာပြလိုက်လို့ ကျွန်တော်က ပျော်ရွှင်နေတာ’’

‘‘အဲ့ဒါကြောင့်ကိုး။ Danzဆိုတဲ့ ဂျူနီယာနဲ့က အဲ့ဒီ့လောက်တောင် မပြေလည်ကြဘူးလား။ မင်းတို့ကို တွေ့လိုက်တိုင်း အမြဲ ရန်ဖြစ်နေကြတာက များတယ်’’

‘‘ကျွန်တော်က ပြေပြေလည်လည် နေချင်ပါတယ်။ သူမကိုက လိုက်လျောညီထွေ မနေနိုင်တာ။ အတန်းထဲမှာဆိုလည်း ကျွန်တော်တို့ကို တချိန်လုံး မျက်မုန်းကျိုးနေသလား ထင်ရတယ်။ သူမကို ခိုင်းတဲ့ ကိစ္စမှန်သမျှကို ကျွန်တော်တို့ကိုပဲ လာခိုင်းတာပဲ။ ‘စာရွက်ပုံကြီးကို သွားပို့လိုက်ဦး၊ ဒီနားက အမှိုက်တွေ လှည်းထားတာ မမြင်သေးလို့ သူ့ရှေ့မှာ နောက်တစ်ခေါက် ထပ်လှည်းဦးနဲ့’ မျိုးစုံကို နှိပ်စက်နေတာ။ ကျွန်တော်ကလည်း ဘယ်ရမလဲ။ သူမကို ကတ်ကတ်လန် ပြန်ပြောနေတာဆိုတော့ ကျွန်တော့်ကိုဆို ကြည့်မရဘူးလေ။ Jennyနဲ့က သူ့ကို  အတန်း ရန်ပုံငွေတွေ ခိုးတဲ့ သူခိုးလို့ စွပ်စွဲထားတာကို မတောင်းပန်တဲ့အပြင် လွယ်အိတ် ပြဿနာပါ ထပ်ရှိခဲ့ဖူးတော့ သူကလည်း Danzကို ကျေနပ်မှာ မဟုတ်ဘူး။ ဒီတစ်ခေါက် သူမကို ပါးရိုက်လိုက်တာက တစ်ချက်ခုတ်၊ နှစ်ချက်ပြတ် အခွင့်အရေးလိုပဲ။ ကျွန်တော့်အစား Jennyက လက်တုံ့ပြန်ပေးရင်း သူ့မကျေနပ်ချက်တွေကိုပါ စုပြီး ရှင်းလိုက်တာပဲ’’

Make Me Yours (KristSingto Fanfiction)Donde viven las historias. Descúbrelo ahora