Chapter-11- Returning From Chiang Mai

675 58 4
                                    

Chapter-11

Returning From Chiang Mai

>>>Unicode<<<

''Kit ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်။ နင်သာ လာမကူညီရင် ဆိုင်မှာ လက်မလည်အောင် အလုပ်များနေမှာ''

''မလိုပါဘူး။ ငါတို့က သူငယ်ချင်းတွေ မဟုတ်လား။ အခက်အခဲ ကြုံတဲ့အချိန် အချင်းချင်း ကူညီ ရမှာပေါ့''

Krist က စားပွဲခုံကို သုတ်နေရင်း Jennyနဲ့ စကားပြောနေလေသည်။ သူက ဆက်ပြောလေသည်။

''အခုမှ တစ်ရက်ပဲ ရှိသေးတယ်နော်။ နက်ဖြန် တစ်ရက် ကျန်သေးတယ်။ ဒါနဲ့ နက်ဖြန်ကို ငါဘယ်အချိန် လာရမလဲ''

''၁၀နာရီလောက်မှ လာလည်း ရပါတယ်။ နေ့ခင်းလောက်မှ အလုပ်များမှာ ဆိုတော့ ၁၀နာရီလောက် လာရင် အတော်ပဲလေ''

''ဒါဆို ငါအဲ့ဒီ့လောက်မှ လာခဲ့မယ်''

''ထပ်ပြီးတော့ ကျေးဇူးပါ''

''နင်ထပ်ပြောနေရင် ငါနက်ဖြန် မလာတော့ဘူးနော်''

''မလုပ်လိုက်ပါနဲ့။ ဆိုင်မှာ အရိုးပြုတ်မတတ် ငါတစ်ယောက်တည်း လုပ်နေရမယ်''

''နင်တစ်ယောက်တည်း မဟုတ်ပါဘူး တစ်ခြားသူတွေလည်း ရှိသေးတာပဲလေ။ ဟိုမှာ ဧည့်သည် လာနေပြီ။ စကား ရပ်ပြောမနေနဲ့ သွားလိုက်ဦး''

Kristကတော့ စားပွဲခုံကို သုတ်ပြီးသည်နှင့် မီးဖိုချောင်တွင် ဆေးမည့် ပန်းကန်များကို တင်ထားသည့် တွန်းလှည်းကို တွန်းရင်း မီးဖိုခန်းသို့ ဝင်သွားလေသည်။ Jennyကတော့ သူ၏ စကဒ်လေး ခါသွားအောင် ပြေးလိုက်ရင်း လာသည့် စုံတွဲဧည့်သည်ကို ကြိုဆိုလိုက်လေသည်။

''မင်္ဂလာပါ။ ကျွန်တော်တို့ရဲ့ Hazy Kisses စားသောက်ဆိုင်ကနေ ကြိုဆိုပါတယ်။ ကြိုတင် စာရင်း ပေးထားတာများ ရှိသလား ခင်မျ''

ဝင်လာသည့် ဧည့်သည် စုံတွဲမှ ပြန်ပြောလေသည်။

''မရှိပါဘူး''

''ဟုတ်ကဲ့၊ ဒါဆို နှစ်ယောက်တည်းလား ခင်မျ''

''ဟုတ်တယ်''

''ဒါဆို ကျွန်တော့် နောက်ကို လိုက်ခဲ့ပေးပါနော်''

Jennyကတော့ နေ့စဉ် လုပ်နေကျ အလုပ်များ ဖြစ်သည့်အတွက် ပင်ပန်းမှု မရှိ ပေါ့ပါးစွာ လုပ်ဆောင် နေလေသည်။ Kristကလည်း လာသမျှ ဧည့်သည်များ၏ အမှာစာများကို လိုလေးသေးမရှိ လုပ်ပေးနေလေသည်။ အလယ်တန်း ကျောင်းသား ဘဝတည်းက Jennyတို့ ဆိုင်တွင် Jennyရော Kristရော ကူလုပ်ပေး နေရဖူးတော့ ဤသို့ အလုပ်များသည့် အခြေအနေမျိုးကို နှစ်သစ်ကူးသည့် အချိန်တို့၊ အခြား ပွဲတော်ရက်မျိုးမှသာ ကြုံဖူးသည်က များသည်။ သို့သော် ယနေ့ကတော့ ဘာရက်မျိုးနှင့်မှ မတိုက်ဆိုင်ဘဲ ခါတိုင်း နေ့များနှင့် မတူ၊ အလုပ်ရှုပ်နေလေသည်။ ည၉း၃၀နာရီတွင် ဆိုင်ပိတ်ပြီ ဖြစ်သောကြောင့် သူတို့လည်း ထိုအခါမှသာ အသက်၀၀ရှူနိုင်တော့သည်။

Make Me Yours (KristSingto Fanfiction)Where stories live. Discover now