Chapter-41.5
Second Appointment
>>>Unicode<<<
Singto သည် Krist၏ အိမ်စာကို ကူညီပေးနေရင်း Nong Jenny၏ စားသောက်ဆိုင်တွင် အချိန်ပိုင်း အလုပ်လုပ်ရမည့် အချိန် ရောက်လာသဖြင့် လုပ်လက်စ အိမ်စာများကို ရပ်လိုက်လေသည်။
''Kit သွားရတော့မှာ မဟုတ်လား။ ဒီနေ့တော့ ဒီမှာပဲ ရပ်လိုက်ရအောင်လေ''
''ဒီအချိန်တောင် ရှိသွားပြီလား။ အစ်ကိုနဲ့ အတူရှိနေရင် အချိန်ကုန်တာ တော်တော် မြန်သလိုပဲ''
''အင်း။ ကိုယ်လည်း ဒီလိုပဲ ထင်တယ်''
''ဒါနဲ့ ကျွန်တော် အလုပ်သွားနေတုန်း အစ်ကို ဘာလုပ်မလဲ။ တခြားတော့ မတွေးပါနဲ့။ ကျွန်တော်က ဒီအတိုင်း သိချင်လို့ပါ''
''Nong မရှိရင် ထုံးစံအတိုင်း တစ်နေ့လုံး ဂိမ်းဆော့နေလည်း ရတာပဲ။ Back ပြန်လာတဲ့ အချိန်ကို စောင့်ပြီး သူနဲ့ ဟိုသွား၊ ဒီသွား လည်ပတ်ရင်လည်း ရတာပဲလေ''
''ပျော်ဖို့ကောင်းမယ့်ပုံပဲ''
''Nong လည်း မပျင်းလောက်ပါဘူး။ တစ်နေ့လုံး ဧည့်သည်တွေနဲ့ ဆက်ဆံရမှာဆိုတော့ ပျင်းဖို့ အချိန်တောင် မရှိလောက်ဘူး''
Kristသည် အကြံ တစ်ခု ရသွားပြီး လိပ်စာတစ်ခု ချရေးလိုက်ပြီးနောက် ထိုစာရွက်ကို Singtoကို လှမ်းပေးလိုက်သည်။ Singto သည် ထိုစာရွက်ပိုင်းကို ယူလိုက်ရင်း မေးလိုက်လေသည်။
''ဒါက ဘာလဲ''
''ဒါကလား။ ဒါက Jennyတို့ ဆိုင်လိပ်စာလေ။ အစ်ကိုနဲ့ P'Back လည်ပတ်ရင်း အဲ့ဒီ့ ပတ်ဝန်းကျင်နားကို ရောက်ရင် ဆိုင်ထဲကိုသာ ဝင်ခဲ့ပါ''
''ဝင်ခဲ့ရင် ကိုယ်တို့ကို ဘာလုပ်ပေးမှာလဲ''
Singto သည် Krist၏ အနားသို့ ကပ်သွားကာ လေသံ အနည်းငယ် တိုးလိုက်ပြီး မျက်လုံးလေး ပင့်ကြည့်ရင်း မေးလာလိုက်သည်။ ဂျူနီယာလေးသည် သူ့ကို တွန်းထုတ်လိုက်ရင်း ထိုအမေးကို ပြန်ဖြေလိုက်လေသည်။
''ဘာ... ဘာလို့ ကြက်သီးထစရာ ကောင်းအောင် အနားကပ်လာရတာတုန်း။ ကျွန်တော်... ကျွန်တော်က ဘာလုပ်ပေးနိုင်မှာမို့လို့လဲ။ ဒါက Jennyရဲ့ မိသားစုဆိုင်ပဲလေ။ ကျွန်တော့်လို အချိန်ပိုင်းသမားက အစ်ကိုတို့ကို ဘာများ လုပ်ပေးနိုင်မှာမို့လို့ အစ်ကိုက ဘာကို မျှော်လင့်နေတာလဲ''
![](https://img.wattpad.com/cover/183886574-288-k111722.jpg)
BINABASA MO ANG
Make Me Yours (KristSingto Fanfiction)
FanfictionFirst KristSingto Fanfiction >>>Main Story>>Unicode>>Zawgyi<<< အချစ်ဆိုတဲ့အရာကလူအမျိုးမျိုးထံသို့မထင်မှတ်ထားတဲ့ပုံစံအမျိုးမျိုးနဲ့ရောက်လာတတ်ပါတယ်။ စိတ်ကူးဖြင့်သာဖန်တီးပုံဖော်ရေးသားထားခြင်းဖြစ်ပါတယ်။ Update ကို စိတ်ရှည် သည်းခံစွာ စောင့်ဆိုင်းနိုင်မှသ...