Chapter-37
Missing Woman
>>>Unicode<<<
Krist၏ ဖခင်ဖြစ်သူ Boom Sangpotiratသည် သူ ပြောမထွက်နိုင်ခဲ့သည့် အဖြစ်မှန်၏ အကြောင်းစုံကို ရှင်းပြပြီးသည့်နောက်တွင်တော့ နားထောင်သူ ပရိသတ် နှစ်ယောက်သည် စကားမဆိုနိုင်သေးဘဲ ခဏတာ တိတ်ဆိတ်နေခဲ့ကြသည်။ Boomက ဆက်ပြောလေသည်။
‘‘တောင်းပန်ပါတယ်။ ငါ မကောင်းတာပါ။ မင်းတို့ အခုလို ဒုက္ခရောက်နေရတာ ငါ့ကြောင့်ပါပဲ’’
တစ်ဖက်မှ ဖုန်းနားထောင်နေသူ Lilly Sangpotiratသည် သူ၏ တောင်းပန်စကားကို ကြားသည်နှင့် ချက်ချင်း တုံ့ပြန်လိုက်လေသည်။
‘‘ဘာကြောင့်များ... အစောကြီးတည်းက မပြောခဲ့ရတာလဲ။ အရင်တည်းက ဖွင့်ပြောခဲ့ရင် နားလည်ပေးမှာပေါ့။ ကျွန်မတို့ နှစ်ယောက် အတူတူ ဖြေရှင်းရင် ရနိုင်မှာပဲလေ။ ဘာလို့လဲ။ ဧကန္တ ကျွန်မက ရှင်နဲ့အတူ ဝန်ထုပ်ဝန်ပိုးကို ထမ်းမယ့် အိမ်ထောင်ရှင်မကောင်း တစ်ယောက် မဟုတ်ခဲ့လို့လား။ ကျွန်မက ရှင့်ကို ဒုက္ခတွေပဲ ပေးနေမိလို့လား။ ဘာလို့ ကျွန်မကို မပြောခဲ့ဘဲ တစ်ယောက်တည်း ဒုက္ခတွေကို ထမ်းထားဖို့ စဉ်းစားရက်ရတာလဲ’’
‘‘မဟုတ်ပါဘူး။ မင်းဘယ်လိုတောင် စဉ်းစားလိုက်တာလဲ။ ငါက မင်းနဲ့ သားလေးကို ဒုက္ခမပေးချင်လို့ တစ်ယောက်တည်း ကိုယ်စခဲ့တဲ့ ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားခဲ့ရုံလေးပါ။ မင်းတို့ကို ဝန်ထုပ်ဝန်ပိုးလို့ ဘယ်လိုလုပ် တွေးရက်နိုင်မှာလဲ။ မင်းက ဇနီးကောင်း၊ မိခင်ကောင်း တစ်ယောက် ပီသခဲ့ပါတယ်။ ငါကသာ မင်းတို့ကို ပြဿနာတွေ ပေးနေခဲ့တာပါ’’
Krist၏ မိခင် စိတ်ဆိုးရသည့် အကြောင်းရင်းမှာ သူမထံသို့ အကြွေးတွေ ယူဆောင်လာခြင်း ပြဿနာရပ်ကြောင့် မဟုတ်ဘဲ သူမကို အစောကြီးတည်းက အဖြစ်မှန်ကို ဖွင့်မပြောဘဲ ထိန်ချန် ဖုံးကွယ်ထားခဲ့ခြင်းကြောင့်သာ ဖြစ်သည်။
‘‘ကျွန်မ လုပ်စရာလေးတွေ ရှိလို့ ဖုန်းချလိုက်တော့မယ်။ နောက်မှ ထပ်ဆက်လိုက်မယ်’’
သူမ ဖုန်းချသွားချိန်တွင်တော့ Krist၏ အဖေသည် လေးလံကာ အားမရှိတော့သော အပြုအမူဖြင့် ဖုန်းကို နားနားမှ ခွာလိုက်ကာ အောက်သို့ ချလိုက်လေသည်။ ထိုအပြုအမူကို ကြည့်ပြီး ဘေးတွင် ထိုင်နေသူ Kristသည် သူ ဝင်ပြောသင့်၊ မပြောသင့် စဉ်းစားနေတော့သည်။ နောက်ဆုံးတွင်တော့ သူ ပြောဖို့ ဆုံးဖြတ်လိုက်သည့် စကားသည် အနာပေါ် ဆားဖြူးသည် မဖြစ်စေရန် ဆုတောင်းရင်း ပြောလိုက်လေသည်။
![](https://img.wattpad.com/cover/183886574-288-k111722.jpg)
ESTÁS LEYENDO
Make Me Yours (KristSingto Fanfiction)
FanficFirst KristSingto Fanfiction >>>Main Story>>Unicode>>Zawgyi<<< အချစ်ဆိုတဲ့အရာကလူအမျိုးမျိုးထံသို့မထင်မှတ်ထားတဲ့ပုံစံအမျိုးမျိုးနဲ့ရောက်လာတတ်ပါတယ်။ စိတ်ကူးဖြင့်သာဖန်တီးပုံဖော်ရေးသားထားခြင်းဖြစ်ပါတယ်။ Update ကို စိတ်ရှည် သည်းခံစွာ စောင့်ဆိုင်းနိုင်မှသ...