Chapter-42
Reunion
>>>Unicode<<<
Singto သည် ညဉ့်နက်နေသည်အထိ ကောင်းကောင်း အိပ်မပျော်ဘဲ ဟိုဟိုဒီဒီ အတွေးရောက်နေလေသည်။ သူတို့ နှစ်ဦးသည် ငယ်စဉ်တည်းက မည်သည့် လုပ်ရပ်များမဆို အတူတူ လုပ်လေ့ ရှိကြပြီး တစ်ယောက်အပေါ် တစ်ယောက် ဖုံးကွယ်ထားသည့် လျှို့ဝှက်ကိစ္စရပ်မျိုးလည်း မရှိခဲ့။ ယခုမှ Back က သူ့ကို ဖုံးကွယ်ကာ မည်သည့် ကိစ္စရပ်များကို တိတ်တဆိတ် ဆောင်ရွက်နေသနည်း။ နောက်ဆုံးတွင် သည်းမခံနိုင်တော့သည့်အဆုံး Back၏ ရုတ်တရက် လစ်ထွက်သွားသည့် အကြောင်းရင်းကို စုံစမ်းရန် တစ်ဖက်မှ Back ၏ အိမ်ခန်းသို့ ခိုးဝင်ရန် ဆုံးဖြတ်လိုက်သည်။
Back သည် အမြဲတမ်း သူ၏ ဝရန်တာ တံခါးကို ဖွင့်ထားလေ့ရှိသည် ဖြစ်သောကြောင့် ဘေးဘက် ဝရန်တာမှ ခုန်ဝင်ရန် မခက်ခဲလောက်ပေ။ သို့သော် သူ့ကို အခြားသူများ မတွေ့သွားအောင်တော့ ဂရုစိုက်မှ ဖြစ်မည်။ မဟုတ်လျှင် သူ့ကို သူခိုးလို့ ထင်သွားပါက နောက်ဆက်တွဲ ကိစ္စရပ်များကို ဖြေရှင်းရသည်မှာ အလွန်ပင် မလွယ်ကူနိုင်ချေ။ ထို့ကြောင့် လူအများ တူညီသော အရာတစ်ခုတည်းကို ပြုလုပ်လေ့ရှိကြသည့် ညအိပ်ချိန်မှသာ လှုပ်ရှားရန် ဆုံးဖြတ်လိုက်ခြင်းပင်။
သူမှန်းထားသည့် အတိုင်းပင်။ Back သည် မည်သည့်အခါမှ ဝရန်တာ တံခါးကို ပိတ်လေ့မရှိ။ ယခုလို ထွက်သွားသည့်တိုင် တံခါးကို ဖွင့်ထားခဲ့သည်မို့ သူအလွယ်တကူ ဝင်ရောက်နိုင်ပေသည်။ သူ့တွင် Back ၏ အိမ်တံခါးသော့သာ ရှိလျှင် အလွယ်တကူ ဝင်လို့ ရနိုင်ပေမယ့် Backက အမြဲတမ်း Singto ၏ အိမ်သို့ ကျူးကျော်ဝင်ရောက်လေ့ရှိသည်မို့ စိတ်ဆိုးဆိုးဖြင့် အိမ်ခန်းသော့ကို ပြန်အပ်ခိုင်းခဲ့ရင်း သူကိုယ်တိုင်လည်း Back၏ အိမ်ခန်းသော့ကိုပါ တစ်ပါတည်း ပြန်ပေးခဲ့သည်မို့ ယခုလို အိမ်ကို ဖောက်ထွင်းဝင်ရောက်သည့် သူခိုးတစ်ယောက်ကဲ့သို့ ပြုမူနေရခြင်းပင်။ အခုလို အခြေအနေမျိုး ရောက်လာမယ်မှန်းသာ ကြိုသိခဲ့လျှင် Singto သည် အဲ့ဒီ့တုန်းက Back၏ အိမ်ခန်းသော့ကို ပြန်မအပ်ဘဲ သိမ်းထားခဲ့မိမှာ အမှန်။
BINABASA MO ANG
Make Me Yours (KristSingto Fanfiction)
FanfictionFirst KristSingto Fanfiction >>>Main Story>>Unicode>>Zawgyi<<< အချစ်ဆိုတဲ့အရာကလူအမျိုးမျိုးထံသို့မထင်မှတ်ထားတဲ့ပုံစံအမျိုးမျိုးနဲ့ရောက်လာတတ်ပါတယ်။ စိတ်ကူးဖြင့်သာဖန်တီးပုံဖော်ရေးသားထားခြင်းဖြစ်ပါတယ်။ Update ကို စိတ်ရှည် သည်းခံစွာ စောင့်ဆိုင်းနိုင်မှသ...