Chapter-52
My Resolve Part-1
>>>Unicode<<<
Kanchanaburi သို့ ထွက်ခွာလာသည့် ရထားလေးသည် အလိုရှိရာ ပန်းတိုင်သို့ အနားယူခြင်း အလျဉ်းမရှိဘဲ တရွေ့ရွေ့ဖြင့် ရွေ့လျား မောင်းနှင်နေလေသည်။ ရထားပေါ်ရှိ လူများအားလုံးတွင် အချို့သည် ဘေးခုံမှ လူများနှင့် မိတ်ဖြစ်ဆွေဖြစ် စကားပြောဆိုနေကြသလို မည်သည်ကိုမျှ ဂရုမစိုက်ဘဲ တစ်ကိုယ်တည်း မျက်စိမှိတ်၊ နားပိတ်လျက် ကြိုးစား အိပ်နေကြသည့် လူများလည်း ရှိလေ၏။ Krist သည် အိပ်မပျော်နိုင်သေးဘဲ သူ၏ ပုခုံးပေါ်တွင် အိပ်ပျော်နေသော Jenny ကို ကြည့်လိုက်လေသည်။ ခရီးမထွက်မီ ခရီးအတွက် လိုအပ်သည့် အရာများကို ပြင်ဆင်နေရသဖြင့် ကောင်းကောင်း မအိပ်ခဲ့ရ၍ ဖြစ်မည်။ Jenny သည် သူ၏ ပုခုံးပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလေသည်။
ထို့နောက် Krist သည် သူ၏ ရှေ့ခုံမှ စီနီယာ နှစ်ယောက်ကို ကြည့်လိုက်သည်။ P’Singto သည်လည်း သူကဲ့သို့ အိပ်မပျော်နှင့်သေးပေ။ ရထားထွက်လာသည်မှာ နှစ်နာရီလောက် ကြာမြင့်နေပြီ ဖြစ်သဖြင့် ရထားပေါ်ရှိ လူများ အားလုံးက ကိုယ်စီ သက်သောင့်သက်သာ အနားယူရာ နည်းလမ်းကို ရှာဖွေနှင့်ပြီးသားပင်။ P’Singto သည် ပြတင်းပေါက် အပြင်ရှိ ရှုခင်းများကို ကြည့်ကာ ဖုန်းတစ်လုံးနှင့် မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးနေလေသည်။ P’Back ကတော့...။ သူ ဘာလုပ်နေလဲ ကျွန်တော် မသိပေ။ ဖုန်းဖြင့် မိုဘိုင်း ဂိမ်းဆော့နေသည်ဟု ထင်ရသော်လည်း ထိုကဲသို့ မဟုတ်ပြီ။ ကျွန်တော့် အထင်ကတော့ သူ Social Media တစ်ခုခု သုံးနေတာ ဖြစ်ကောင်း ဖြစ်နိုင်သလို Line သုံး၍ စာပို့နေတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
P’Singto ၏ ဖုန်းကင်မရာသည် ရှုခင်းများကို ရိုက်လို့ ပြီးသည်နှင့် တဖြည်းဖြည်းချင်း ကျွန်တော့် မျက်စိရှေ့သို့ ရွေ့လာလေသည်။ ထိုသို့ ရွေ့လာသည်နှင့် ကျွန်တော် ချက်ချင်းပဲ ပြတင်းပေါက် အပြင်ဘက်သို့ မျက်နှာလွှဲလိုက်လေသည်။ ထိုပုံစံကို P’Singto သတိထားမိကောင်း သတိထားမိပါလိမ့်မည်။ မှန်တွင် ထင်ဟပ်နေသော ကျွန်တော့် ပုံရိပ်ကို ကျွန်တော် ပြန်ကြည့်ပြီး အတွေးတချို့က လျှပ်ပြေးသဖွယ် ရောက်ရှိလာလေ၏။
![](https://img.wattpad.com/cover/183886574-288-k111722.jpg)
ESTÁS LEYENDO
Make Me Yours (KristSingto Fanfiction)
FanficFirst KristSingto Fanfiction >>>Main Story>>Unicode>>Zawgyi<<< အချစ်ဆိုတဲ့အရာကလူအမျိုးမျိုးထံသို့မထင်မှတ်ထားတဲ့ပုံစံအမျိုးမျိုးနဲ့ရောက်လာတတ်ပါတယ်။ စိတ်ကူးဖြင့်သာဖန်တီးပုံဖော်ရေးသားထားခြင်းဖြစ်ပါတယ်။ Update ကို စိတ်ရှည် သည်းခံစွာ စောင့်ဆိုင်းနိုင်မှသ...