Chapter-47.5
It Can’t Be..., Right?
>>>Unicode<<<
Verenda သည် သူမ၏ မျက်စိရှေ့မှ လူကို တချက် ကြည့်ပြီး အကဲခတ်လိုက်သည်။ ထိုသူမှာလည်း မျက်နှာတွင် ဖူးရောင် ဒဏ်ရာများ မျိုးစုံဖြင့် သူမကို မဝံ့မရဲ ကြည့်နေလေသည်။ သူမသည် ထိုလူကို ကြည့်ရသည်မှာ စိတ်မရှည်တော့သည့်နှယ် သူမ၏ လက်ထဲမှ ဝိုင်ခွက်ကို ဟိုသည်ယိမ်းလိုက်သည့်အခါ ခွက်အတွင်းမှ အရည်များကလည်း မငြိမ်သက်သော ပင်လယ်ပြင်ကြီးမှ လှိုင်းများ ကမ်းသို့ ရိုက်ခတ်နေသည့်နှယ် ဖြစ်နေသည်။ တိတ်ဆိတ်မှု ရှည်ကြာပြီးနောက် သူမက လေသံ အေးအေးလေးဖြင့် စကား စ လိုက်လေသည်။
‘‘တင်းခံနေလည်း အပိုပဲ ဆိုတာ အခုလောက်ဆို နားလည်ပြီမလား။ အဲ့ဒါကြောင့် ပြော...’’
ထိုဖူးရောင်နေသော ဒဏ်ရာ ပိုင်ရှင်သည် အ,ထစ် အ,ထစ်ဖြင့် ပြန်လည် ဖြေကြားလာလေသည်။
‘‘ဘာကို ပြောရမှာလဲ ဆိုတာကို.... နားမလည်ဘူး’’
သို့သော် ထိုသူ၏ အဖြေသည် သူမ လိုချင်သလို အဖြေတော့ ဖြစ်မနေခဲ့။ ထို့ကြောင့် သူမ၏ လက်တွင် အကြောစိမ်းများ ထောင်လာသည်အထိ ဝိုင်ခွက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်လေသည်။ ထိုဖြစ်အင်ကို သတိထားမိသွားသော မျက်စိအောက်မှ ဒူးထောက်နေသည့် လူသည် ကြက်သီးများ ဖြန်းခနဲ ထသွားရကာ တုန်တုန်ယင်ယင်ဖြင့် စကားကို ပြန်ပြင်ပြောလိုက်သည်။
‘‘ခဏ... ခဏလေးပါ။ ကျုပ် ပေးပါမယ်။ အဲ့ဒါကြောင့် ကျုပ်ကို နောက်ထပ် ဘာမှ မလုပ်ပါနဲ့တော့’’
‘‘နောက်ဆုံးတော့ နားလည်သွားပြီပဲ’’
ထိုသူသည် မျက်စိရှေ့မှ ကုန်းရုန်း ထလိုက်ကာ မိမိ၏ အလုပ်စားပွဲပေါ်သို့ ကတုန်ကယင်ဖြင့် လျှောက်လာလိုက်သည်။ အံဆွဲကို ဆွဲဖွင့်သော်လည်း မပွင့်သဖြင့် ပိုပြီး ချွေးစေးတွေ ပြန်လာလေသည်။
‘‘ဒီအံဆွဲက ဘာလို့ မပွင့်တာလဲ’’
‘‘သော့နဲ့ ဖွင့်ရမှာပေါ့။ မဟုတ်ဘူးလား’’
![](https://img.wattpad.com/cover/183886574-288-k111722.jpg)
ŞİMDİ OKUDUĞUN
Make Me Yours (KristSingto Fanfiction)
Hayran KurguFirst KristSingto Fanfiction >>>Main Story>>Unicode>>Zawgyi<<< အချစ်ဆိုတဲ့အရာကလူအမျိုးမျိုးထံသို့မထင်မှတ်ထားတဲ့ပုံစံအမျိုးမျိုးနဲ့ရောက်လာတတ်ပါတယ်။ စိတ်ကူးဖြင့်သာဖန်တီးပုံဖော်ရေးသားထားခြင်းဖြစ်ပါတယ်။ Update ကို စိတ်ရှည် သည်းခံစွာ စောင့်ဆိုင်းနိုင်မှသ...