ရှုမငြီးသော နတ်​ဆေးရှင်​ (၂၈)

1.6K 311 3
                                    

ရှုမငြီးသော နတ်​ဆေးရှင်​ (၂၈)
~~~~~~~~~~~~~~~~~~~~~~~

မင်​ရှုက တိုတိုတုပ်​တုပ်​ပဲ ပြန်​ဖြေတယ်​။ "သူ့ကို မျက်​ကွင်းညိုအောင်​ ထိုးပေးလိုက်​တာပဲ ကောင်းပါတယ်​လေ"

သားသမီးတွေ မလိမ္မာရင်​ နာနာလေး တီးပေးမှ။

ဒီစကားကို ပြောပြီးတာနဲ့ မင်​ရှု လက်​တွေ့ ကျင့်​သုံးတော့တယ်​။ ပိုင်​ယန့်​ရန်​မှာ အချေအတင်​ပြန်​ပြောဖို့တောင်​ အခွင့်​မရလိုက်​ဘူး။ ပိုင်​ယန့်​ရန်​ အော်​တဲ့ အသံကြောင့်​ ကြားရသူတိုင်း ခေါင်းပါ ကြိမ်းသွားရမိလေတယ်​။ 

ပိုင်​သခင်​ကြီးမှာ ဒေါသထွက်​ရတာထက်​ကို ပိုနေပြီ။ မင်​ရှုကို တားဖို့ သူ့လူတွေကို စေခိုင်းလိုက်​တယ်​။ လျိုဖုန်းနဲ့ ဟွေ့ရွှယ်​လဲ သူတို့ သခင်​မ ဝိုင်းရိုက်​ခံတာကို ဘယ်​ငြိမ်​ကြည့်​နေမလဲ။ မင်​ရှုကို ကူပြီး ဝင်​ချတော့တာပဲ။ အခြေအနေက အတော်​လေး ရှုပ်​ထွေးကုန်​ပြီ။

"ဘာလို့ ငါ့လာ ရိုက်​တာတုန်း...!"

"ငါ ဘယ်​တုန်းက ရိုက်​မိလို့လဲ..."

"ငါလိုး...! မင်း ဝန်​မခံရဲဘူးပေါ့၊ ငါ့မျက်​လုံးနဲ့ ဆက်​ဆက်​ မြင်​လိုက်​တာ..."

"အော်​ ကန်းနေတယ်​ပေါ့..."

"မင်း ဘာစောက်​စကားပြောတာလဲ၊ ဘယ်​သူက ကန်းမှာလဲ... ဖင်​ခေါင်း... သူ့ ပြန်​ရိုက်​စမ်း...!"

ဘေးပတ်​ပတ်​လည်​က လူအုပ်​ထဲမှာ ရုတ်​ရုတ်​သဲသဲဖြစ်​လို့သွားတယ်​။ နောက်​တော့ အကုန်​လုံး ရိုက်​ပွဲကြီးကို ဖြစ်​လို့။

ချင်းချန်​ကတော့ လူအုပ်​နဲ့ ခပ်​လှမ်းလှမ်းမှာ ရပ်​ရက်း သက်​ပြင်းသာ ချနေမိတော့တယ်​။

သူ့ဘဝမှာ ကောင်​မလေးတစ်​ယောက်​ကို သူရဲကောင်းပီပီသသ ဝင်​ကယ်​ပြတာမျိုး ဘယ်​တော့မှ လုပ်​ခွင့်​ရမှာ မဟုတ်​တော့ဘူးပဲ။

'ငြိမ်​ငြိမ်​စိမ်​စိမ်​ ပွဲကြည့်​နေရုံသာ လုပ်​လို့ရမယ်...!' ပိုင်​ယန့်​ရန်​ကို ကယ်​ပြီးသွားတဲ့အခါမှ ရိုက်​ပွဲကြီးလဲ ပြီးသွားတော့တယ်​။ အဲ့ဒီလူတွေ အကုန်​လုံး တန်းစီလို့ မင်​ရှုကို ထိပ်​တိုက်​ မေးမြန်းတော့တာပဲ။

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now